ချဲလ်ဆီး ချန်ပီယန်းစ်လိဂ် ချန်ပီယံ ဖြစ်

  • 20 မေ 2012
chelsea
Image caption အောင်ပွဲခံနေတဲ့ ချဲလ်ဆီးအသင်း

ဂျာမနီ နိုင်ငံက မြူးနစ် မြို့မှာ ကျင်းပတဲ့ ချန်ပီယန်းစ်လိဂ် ဗိုလ်လုပွဲကို အားပေးဖို့ ဘောလုံး ပရိတ်သတ် ထောင်ပေါင်းများစွာ မြူးနစ်ကို ရောက်ရှိ လာခဲ့ ကြပါတယ်။

ဒီ ဗိုလ်လုပွဲမှာ ၄ ကြိမ် ဖလားရထား ဖူးတဲ့ ဘိုင်ယန်မြူးနစ် နဲ့ တခါမှာ မရဘူးသေးတဲ့ ချဲလ်ဆီး အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြတာ ဖြစ်ပါတယ်။

ချဲလ်ဆီးက အသင်း ခေါင်းဆောင် ဂျွန်တယ်ရီ နဲ့ အတူ အရေးပါတဲ့ ကစားသမား တချို့ ပွဲပယ်ခံ ထားခဲ့ရပါတယ်။

ပုံမှန် ပွဲကစားချိန် ပြည့်ခါနီး ၈၃ မိနစ်မှာ ဘိုင်ယန်က ဂိုးစသွင်းပေမယ့် ၅ မိနစ် အကြာမှာ ချဲလ်ဆီး ကပြန်ချေလို့ ၁ ဂိုးစီ သရေကျ နေခဲ့ပါတယ်။

အချိန်ပို ကစားရာမှာတော့ ဘိုင်ယန် က ရတဲ့ ပင်နယ်လ်တီကို အရင် ချဲလ်ဆီး ကစား သမားဟောင်း ရော်ဘင်က ကန်သွင်းရာမှာ ပက်တာချက်က ကာကွယ်နိုင်ခဲ့လို့ အချိန်ပို မှာလည်း ၁ ဂိုးစီ သရေပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲအတွက် အဆုံး အဖြတ်အဖြစ် ပင်နယ်လ်တီ ကန်သွင်းကြ ရာမှာတော့ ပင်နယ်လ်တီ မှာ တခါမှ မရှုံးဘူးတဲ့ ဘိုင်ယန်ကို သူ့ရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးက ဒရော့ဘာ ကန်သွင်းတဲ့ အဆုံးအဖြတ် ပင်နယ်လ်တီ ဝင်သွားလို့ ၄ - ၃ နဲ့ နိုင်ပြီး ချန်ပီယန်းစ် လိဂ် ဖလားကို ပထမဆုံး အကြိမ် အဖြစ် စွပ်ခူး ရရှိသွား ပြီဖြစ်ပါတယ်။