သိရိလင်္ကာ ဉီးစီးချုပ်ဟောင်းပြန်လွတ်

  • 20 မေ 2012
သိရိလင်္ကာ ဉီးစီးချုပ်ဟောင်း ဖေါ်ဆင်ကာ
Image caption သိရိလင်္ကာ ဉီးစီးချုပ်ဟောင်း ဖေါ်ဆင်ကာ

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အရင်ဗိုလ်ချုပ်ကြီးဟောင်း Sarath Fonseka ကိုသမ္မတက ခွင့်လွှတ်ဖို့ သက်သက်ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ပြောပါတယ်။ သူ့ကို လွန်ခဲ့တဲ့ ၆နှစ်က တမီးလ်ကျားသူပုန်တွေလုပ်ကြံဖို့ ကြိုးပမ်းစဉ်ရခဲ့တဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်တဲ့ရောဂါနဲ့ မကြာမီက သူဆေးရုံတက်ခဲ့ရပါတယ်။ သူဟာ ခွဲထွက်ရေးသူပုန်တွေကို နိုင်အောင်တိုက်ဖို့စစ်တပ်ကို ခေါင်းဆောင်နိုင်ပေမယ့် အောင်ပွဲအတွက် သိပ်အသိအမှတ်မပြုခံရလို့ လက်ရှိသမ္မတနဲ့သူရဲ့သြဇာကြီးတဲ့ မိသားစုအသိုင်းအဝိုင်းတွေနဲ့ ဗိုလ်ချုပ်ကြီးဟာ သဘောထားကွဲခဲ့ကြပါတယ်။

ဖေါ်စင်ကာက သမ္မတရွေးကောက်ပွဲအတွက်စိန်ခေါ်စဉ် လက်ရှိသမ္မတကို သိရိလင်္ကာမှာ အာဏာရှင်စံနစ်မျိုးလုပ်ဖို့ကြိုးစားသူလို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံရေးရန်ငြိုးကြောင့်မဟုတ်ဘဲ ဥပဒေ ချိုးဖေါက်လို့ဆိုပြီး သူရွေးကောက်ပွဲရှုံးတဲ့အခါ အစိုးရက စွဲချက်တင်ခဲ့ပါတယ်။ အခုပြန်လွှတ်လိုက်တာဟာ ချည်နှောင်မှုမပါဘဲ နိုင်ငံရေးလုပ်ခွင့်ရမယ်လို့မျှော်လင့်ကြောင်း ဗိုလ်ချုပ်ကြီးရဲ့ဇနီးက ပြောပါတယ်။ တချို့ရင်းနှီးသူတွေကတော့ လွှတ်ပေးရုံ သက်သက်ဖြစ်ပြီး လုံးဝခွင့်လွှတ်တာလို့မယူဆကြပါဘူး။ သီရိလင်္ကာကို စစ်ရာဇဝတ်မှုအတွက် စွဲချက်တင်ရာမှာ နိုင်ငံတကာ စုံစမ်းရေးအတွက် ထွက်ချက်ပေးလို့အစိုးရသူ့ကို အလွန်စိတ်ဆိုးနေပါတယ်။ အခုတော့ဒီစွပ်စွဲချက်တွေကို သူကိုယ်တိုင် ရင်ဆိုင်ရနိုင်ပါတယ်။ စစ်ပွဲအတွင်းအရပ်သား ၄၀၀၀၀ အသတ်ခံရတယ်လို့ ကုလစုံစမ်းရေးအဖွဲ့က တွေ့ပေမယ့် သိရိလင်္ကာအစိုးရကတော့ ငြင်းပယ်တဲ့အကြောင်း ကိုလံဘိုရှိဘီဘီစီသတင်းထောက် ချားလ် ဟာဗီလင်ကပြောသွားပါတယ်။