လော့ကာဘီ တိုက်ခိုက်မှုကို အမေရိကန် ဆက်လက်ဖော်ထုတ်မယ်

  • 21 မေ 2012
lockerbie
Image caption လော့ကာဘီမှာ လေယာဉ် ပျက်ကျခဲ့စဉ်က

စကော့တလန် နိုင်ငံ လော့ကာဘီ အပေါ်မှာ ၁၉၈၈ ခုနှစ်က အမေရိကန် ခရီးသည်တင် လေယာဉ် ကို ဗုံးခွဲတိုက်ခိုက် ခဲ့တဲ့ လစ်ဗျား လူမျိုးအဗ္ဗဒဲလ်ဘာဆက် အဲလ် မက်ဂရာဟီ သေဆုံးသွား ပေမယ့် အဲဒီ တိုက်ခိုက်မှုမှာ သေဆုံးသွား ခဲ့ရသူ တွေအတွက် တရားမျှတမှု ရအောင် ဆက်လုပ်သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ လူပေါင်း ၂၇၀ သေဆုံး သွားခဲ့ရ ပါတယ်။

အိမ်ဖြူတော် ရဲ့ ပြောခွင့်ရသူက လစ်ဗျား နိုင်ငံက မဟာမိတ် အသစ်တွေနဲ့ ပူးပေါင်းပြီး အဲဒီတိုက်ခိုက်မှု အတွက် တာဝန် ရှိသူတွေ အားလုံးကို ဖော်ထုတ် သွားမယ်လို့ ပြောပါတယ်။

မစ္စတာ မက်ဂရာဟီက အဲဒီ လော့ကာဘီ တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ သူမပါဝင်ကြောင်း ငြင်းဆိုခဲ့ပြီး သူ့ကို အသက်ကို အန္တရာယ် ပေးနေပြီ ဖြစ်တဲ့ ကင်ဆာ ရောဂါကြောင့် လွန်ခဲ့တဲ့ ၃ နှစ် လောက်က စကော့တလန် ထောင်ကနေ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

သူလစ်ဗျား နိုင်ငံကို ပြန်လည် ရောက်ရှိတဲ့ အခါမှာ သူရဲကောင်း တဉီးကို ကြိုဆိုသလို ကြိုဆိုခဲ့တဲ့ အပေါ်မှာတော့ ဝါရှင်တန်က ဒေါသတကြီး နဲ့ တုန့်ပြန်ခဲ့ပါတယ်။