သေမင်းတမန် ရထားလမ်း မြန်မာဘက်မှာ ပြန်ဆောက်မယ်

  • 21 မေ 2012
the_death_railway
Image caption သေမင်းတမန် ရထားလမ်း

ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်က ဖမ်းထားတဲ့ မဟာမိတ် စစ်သုံ့ပန်းတွေ တည်ဆောက် ခဲ့ကြတဲ့ သေမင်းတမန် ရထားလမ်းကို မြန်မာနိုင်ငံ ဘက်မှာ ပြန်လည်တည်ဆောက် သွားမှာဖြစ်ပါတယ်။

ဒီ ရထားလမ်း အကြောင်းကို အော်စကာ ရတဲ့ The Bridge on the River Kwai ရုပ်ရှင်ထဲမှာ ဖော်ပြ ရိုက်ကူး ထားပါတယ်။

ဒီ ရုပ်ရှင်ထဲမှာ ဒုတိယ ကမ္ဘာစစ် အတွင်းက စစ်သုံ့ပန်း ထောင်ပေါင်း များစွာက ဒီရထားလမ်း ဖြတ်တဲ့ တံတားကို တည်ဆောက်ခဲ့ကြတာကို ပြသ ထားတာ ဖြစ်ပါတယ်။

ဒီ အရှည် ၁၀၅ ကီလိုမီတာ ရှည်မဲ့ အပိုင်းကို မြန်မာ နဲ့ ထိုင်း နယ်စပ်က ဘုရားသုံးဆူ ဒေသမှာ အောက်တိုဘာ လမှာ စတင် တည်ဆောက်သွားမယ်လို့ မီရထား ဝန်ကြီး ဉီးအောင်မင်းက ပြောကြောင်း အေအဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။