ဆီးရီးယားအရေး လက်ဘနွန်မှာ တိုက်ခိုက်

  • 21 မေ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး လက်ဘနွန် မှာ ပထမဦးဆုံး တိုက်ခိုက်ခဲ့မှုဖြစ်ပါတယ်

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ဆီးရီးယား ထောက်ခံသူ လက်နက်ကိုင်တွေနဲ့ ဆန့်ကျင်သူ လက်နက်ကိုင်တွေ အကြား မနေ့ညက ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံး သွားပါတယ်။

အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားပြီး ကတည်းက ဘေရွတ်မြို့မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဒါ ပထမဦးဆုံး ဖြစ်ပါတယ်။

အခုတော့ လုံခြုံရေးတက်ဖွဲ့တွေဟာ အခြေအနေ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ်လို့ ဘီဘီစီသတင်းထောက် ပြောတာကတော့ လစ်ဘနွန်နိုင်ငံမှာ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းကို အကွဲအပြဲတွေ ဖြစ်နေပြီ ဆိုတာကို ဒီအကြမ်းဖက်မှုက ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် ဆီးရီးယား ပဋိပက္ခဟာ ပျံ့နှံ့သွားနိုင်ချေရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

စစ်ဆေးရေးဂိတ် တခုမှာ ရှိတဲ့ လက်ဘနွန် စစ်သားတွေကနေ ဆီးရီးယား ဆန့်ကျင်ရေး အဖွဲ့တခုနဲ့ ဆက်စပ်နေတဲ့ ဆူနီဘာသာရေး ခေါင်းဆောင် နှစ်ဦးကို ပစ်သတ်လိုက်ပြီးတဲ့ နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။