နေတိုးက အာဖဂန်လက် လွှဲပေးမယ်

  • 22 မေ 2012
nato
Image caption အာဖဂန်နဲ့ ရေရှည် ဗျူဟာ ဆက်ဆံရေး ဆက်ထား

နောက်နှစ်လယ်က စပြီး အာဖဂန် စစ်ဆင်ရေး တွေကို အာဖဂန် တပ်တွေလက်ထဲ လွှဲပြောင်း ပေးဖို့ နေတိုး တဖွဲ့လုံးက သဘောတူ ပြီးပြီလို့ အမေရိကန် သမ္မတ အိုဘားမားက ကြေညာခဲ့ပါတယ်။

၂ဝ၁၄ အကုန်မှာ နောက်ဆုံးထားပြီး နေတိုး မဟာမိတ်တွေ အာဖဂန်က ဆုတ်ခွာဖို့ ရှိတဲ့ အတွက် နောက်နှစ်မှာ နေတိုးတပ်တွေက လေ့ကျင့်ရေးနဲ့ ထောက်ပံ့တဲ့ဘက် ပြောင်း တာဝန်ယူ မယ်လို့ နေတိုး နဲ့ မဟာမိတ်များ ထိပ်သီး ဆွေးနွေးပွဲ အပြီး ချီကာဂိုမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ အိုဘားမား က ဆိုပါတယ်။

အာဖဂန်နဲ့ ရေရှည် ဗျူဟာကျတဲ့ ဆက်ဆံရေးမျိုး ဆက်ထားဖို့လည်း ပိုင်းဖြတ် ထားကြောင်း လည်း သူက အခိုင်အမာ ပြောကြား ခဲ့ပါတယ်။

အာဖဂန် နစ္စတန်ကို နေတိုး ထောက်ပံ့ရေး လမ်းကြောင်း ပြန်ဖွင့်ဖို့ အတွက် ပါကစ္စတန်နဲ့ တိုးတက်မှု ရအောင် ဂရုတစိုက် လုပ်ခဲ့ကြောင်း မစ္စတာ အိုဘားမားက ရှင်းလင်း ပြောကြား ခဲ့ပါတယ်။