ယီမင် ဗုံးခွဲမှု အယ်လ်ကိုင်ဒါ လက်ချက်

  • 22 မေ 2012
yemen ဓာတ်ပုံ မူပိုင် bbc
Image caption စည်းလုံးရေးနေ့ အစမ်း လေ့ကျင့်စဉ် ပေါက်ကွဲ

ယီမင် မြို့တော် ဆာနာမှာ စစ်သား ၉ဝ လောက် အနည်းဆုံး သေဆုံးတဲ့ အသေခံ ဗုံးခွဲမှုဟာ သူတို့ လက်ချက်လို့ ယီမင်က အယ်လ်ကိုင်ဒါ ဌာနခွဲက ဆိုပါတယ်။

တောင်ပိုင်း ယီမင်က သူတို့ ဂိုဏ်းသား တွေကို ယီမင် အစိုးရ တိုက်ခိုက် နေတာကို လက်တုံ့ပြန် တာလို့ အာရေဗျ ကျွန်းဆွယ် ရဲ့ အယ်လ်ကိုင်ဒါ အဖွဲ့က ကြေညာ ခဲ့ပါတယ်။

အမေရိကန် ထောက်ခံမှုနဲ့ ဆက်တိုက်နေရင် အလားတူ တိုက်ခိုက်မှု ထပ်လာမယ် လို့လည်း ခြိမ်းခြောက် ထားပါတယ်။

အကြမ်းဖက် သမားတွေကို ပိုမို ပြင်းပြင်းထန်ထန် အရေးယူ သွားတော့မယ်လို့ သန္နိဋ္ဌာန် ချထားကြောင်း ယီမင် သမ္မတ အာဘတ် ရာဘူ ဟာဒီ မန်ဆူးက တုံ့ပြန် ခဲ့ပါတယ်။

ကနေ့ အင်္ဂါနေ့မှာ ပြုလုပ်မယ့် ယီမင်နိုင်ငံရဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးနေ့ စစ်ရေးပြ အခမ်းအနားအတွက် အစမ်း လေ့ကျင့်နေတုန်း ဒီလို တိုက်ခိုက် ခံခဲ့ရတာပါ။