အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

  • 22 မေ 2012
ဓာတ်ပုံ မူပိုင် AFP

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြောက်ကိုရီးယားအပေါ် သံတမန်ရေး ဖိအားပေးမှုတွေ မရပ်စဲဘူးဆိုရင် မြောက်ကိုရီးယား အနေနဲ့ နျူကလီးလား အစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်မှာ ဖြစ်သလို တန်ပြန် အရေးယူဆောင်ရွက် မှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြောက်ကိုးရီယားက သတိပေး ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ နောက်ထပ် ဒုံးပျံပစ်လွှတ်မှုတွေ လုပ်ရင်ဘဲ ဖြစ်ဖြစ် တတိယ မြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ရင်ပဲ ဖြစ်ဖြစ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန်နဲ့ တခြား စက်မှုအင်အားကြီး နိုင်ငံတွေက မကြာသေးခင်ကမှ သတိပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မြောက်ကိုးရီးယားတို့ ရဲ့ မအောင်မမြင် ဖြစ်ခဲ့တဲ့ ဒုံးပျံလွှတ်တင်မှုဟာ ကမ္ဘာပတ် လမ်းကြောင်းထဲ ဂြိုလ်တု လွှတ်တင်ဖို့ဖြစ်ပြီး ငြိမ်းချမ်းစွာ အသုံးပြုဖို့ အတွက်သာ ဖြစ်တယ်လို့ မြောက်ကိုးရီးယား ကြေညာချက်မှာ ထပ်မံ ဖေါ်ပြ ပြောဆိုထား ပါတယ်။