သြစတြေးလျ ကျောင်းနေကလေးများ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AP
Image caption သြစတြေးလျက ဝူမီရာ ထိန်းသိမ်းရေးစခန်း

သြစတြေးလျ နိုင်ငံက ကျောင်းနေကလေး တစုဟာ လှောင်အိမ်ထဲမှာ ၂၄ နာရီကြာနေပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ သြစတြေးလျနိုင်ငံက လူဝင်မှု ကြီးကြပ်ရေးဌာနတွေမှာ ကြုံတွေနေရတဲ့ ဒုက္ခသည် ကလေးတွေရဲ့ လူမှု ဘ၀ အခြေအနေ ကို မီးမောင်းထိုးပြတဲ့ အနေနဲ့ အခုလို ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ကလေးပေါင်း ၄၀၀ ကျော်ဟာ သူတို့ရဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားတဲ့ အချိန်အတွင်းမှာ အခုလို ထိန်းသိမ်းခံ ထားရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း သြစတြေးလျ နိုင်ငံရဲ့ လူငယ် ကလေးအကျဉ်းချမှု မှတ်တမ်းတွေဟာ ကမ္ဘာမှာ အဆိုးရွားဆုံးဖြစ်ပြီး ဒီလိုလုပ်ဆောင်မှု တွေကြောင့် ကလေးတွေရဲ့ ကိုယ်ရောစိတ်ပါ ထိခိုက်စေတယ်လို့ ကလေးငယ် အကျဉ်းထောင်ချခံရမှု ဆန့်ကျင်ရေးအဖွဲ့က လှုပ်ရှားသူ တွေက ပြောဆိုခဲ့ပါတယ်။

သြစတြေးလျ အစိုးရကတော့ နောက်ဆုံး မလွှဲသာ မရှောင်သာ အခြေအနေ ရောက်မှသာ အခုလို အကျဉ်းချတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။