ယူရိုအရေး အီးယူ ဆွေးနွေးပြန်

  • 24 မေ 2012
stock ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပ စတော့ စျေးကွက်တွေ ထပ်မံကျဆင်း

ယူရိုငွေကြေး ပြဿနာ အတွက် ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ ဘရပ်ဆဲမှာ စုဝေး ရောက်ရှိ နေကြပါတယ်။

ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အော်လန်း ကတော့ နည်းလမ်းသစ် သုံးဖို့ အားပေး နေပါတယ်။

ဂျာမနီက သတ်မှတ် ထားတဲ့ ချိုးခြံရေး ဆေးခါးကြီးထက် ဖွံ့ဖြိုးရေးဘက် ပို အလေးထားကြဖို့ သူ ဆော်သြလိမ့်မယ် ထင်ပါတယ်။

အချိန် ဖြုန်းနေလို့ မရတော့ဘူးလို့ အလွတ်သဘော ဆွေးနွေးပွဲ မှာ သမ္မတ အောလန်းက ဆိုပါတယ်။

ဥရောပ စတော့ စျေးကွက်တွေမှာ ၂ ရာခိုင်နှုန်း ထပ်မံကျဆင်း စျေးပိတ်ခဲ့ပြီး ယူရိုက ဒေါ်လာထက် တန်ဖိုး ပိုလျော့ နေပြီ ဖြစ်ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲကတော့ ယူရို ငွေချေးစာချုပ် ထားမယ့် စနစ်ကို ကန့်ကွက်ကြောင်း ထပ်မံ ပြောကြား ခဲ့ပါတယ်။