ဘင်လာဒင်ကိစ္စ ဆရာဝန် ထောင်ချခံရ

  • 23 မေ 2012
Bin laden compound ဓာတ်ပုံ မူပိုင် bbc
Image caption အိုစမာဘင်လာဒင်ရဲ့ နေအိမ်ခြံဝင်းကို ခြေရာခံမိဖို့ ဆရာဝန် အာဖရီဒီက ကူညီခဲ့တယ်လို့ဆို

အိုစမာဘင်လာဒင်ကို အမေရိကန်တွေ ဖမ်းမိနိုင်အောင် ကူညီခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆရာဝန်ကို ပါကစ္စတန်အစိုးရက နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် အနည်းဆုံး နှစ် ၃၀ ချမှတ်လိုက်ပါတယ်။

မစ္စတာ ရှာခေး အာဖရီဒီ ရဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ် အတု ဟာ အက်ဘိုဒါဘတ်မှာ ပုန်းကွယ်နေတဲ့ ဘင်လာဒင်ကို အမေရိကန် စီအိုင်အေက ဖမ်းမိဖို့ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေဟာ အိုစမာဘင်လာဒင်နေထိုင်တဲ့ ခြံဝင်းကြီးအတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး အယ်လ်ကိုင်ဒါခေါင်းဆောင်ကို မနှစ်က အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်က မစ္စတာ ရှာခေး အာဖရီဒီ ဟာ ပါကစ္စတန် ရော အမေရိကန် ၂ နိုင်ငံလုံးရဲ့ အကြိုးအတွက်လုပ်ဆောင်ခဲ့တာဖြစ်လို့ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဘင်လာဒင်သတ်ဖြတ်မှုနောက်ပိုင်း အဖမ်းခံရသူအတော်များများဟာ အမေရိကန်ကို ကူညီခဲ့သူတွေဖြစ်နေတာကြောင့် ပြင်ပစောင့်ကြည့်သူတွေက စိုးရိမ်မှုတွေရှိနေပါတယ်။