အိမ်ဖယ်မပေးတဲ့ ခမာ အမျိုးသမီးတွေ ထောင်ကျ

khmer ဓာတ်ပုံ မူပိုင် AP
Image caption လုပ်ငန်းရှင် တွေဖို့ ကန်ဘေးနေ တွေကို ဖယ်ခိုင်း

နေအိမ်တွေက ထွက်မပေးနိုင်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြ ကြတဲ့ အမျိုးသမီး ၁၃ ယောက်ကို ကမ္ဘောဒီးယား တရားရုံး တရုံးက ထောင်ချ ခဲ့ပါတယ်။

သူတို့ကို ထောက်ခံတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော် တပါးကိုလဲ အရပ်ဝတ် ရဲတွေက တရားရုံး ပြင်ဘက်က ဆွဲထုတ် သွားခဲ့ပါတယ်။

ရင်းနှီး မြှုပ်နှံသူ တွေ အတွက် ကန်ဘေး အိမ်တွေကနေ ဖယ်ခိုင်းတာကို ဒီ အမျိုးသမီး တွေ ဆန္ဒပြ နေကြတာပါ။

အဝတ်ချွတ် ပီးလဲ ဆန္ဒပြ ကြပါတယ်။

သူတို့ကို တနှစ်ကနေ ၂ နှစ်ခွဲထိ ထောင်ဒဏ်တွေ ချခံရ ပါတယ်။