ဥရောပစီးပွားရေး သုံးနှစ်အတွင်း အနိမ့်ဆုံးကျဆင်း

  • 24 မေ 2012
ဓာတ်ပုံ မူပိုင် AP
Image caption အဓိကအချက်သုံးချက်နဲ့ ဥရောပ စီးပွားရေး အတွက်လုပ်ဆောင်မယ်လို့ အီးယူ ဥက္ကဌပြော

ဥရောပက စီးပွားရေး လုပ်ငန်းတွေဟာ သုံးနှစ်အတွင်း မေလထဲမှာ အနိမ့်ဆုံးကို ကျဆင်း သွားတယ်လို့ စီးပွားရေး လုပ်ငန်း မန်နေဂျာ တွေရဲ့ လေ့လာ တွေ့ရှိချက်က ဖေါ်ပြနေပါတယ်။

Markit လို့ခေါ်တဲ့ စီးပွားရေး ဆိုင်ရာ သုတေသန ကုမ္ပဏီကနေ လစဉ် စစ်တမ်း ကောက်ပြီး ပြုလုပ်ခဲ့တဲ့ ဒီလေ့လာတွေ့ရှိ ချက်မှာ ဥရောပ စီးပွားရေးဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက် အားနည်း လာနေ တယ်လို့ ဆိုပါတယ်။

ဂျာမာဏီ နိုင်ငံမှာ ဆိုရင် ကုန်ထုတ်လုပ်မှု အပိုင်းမှာ သုံးနှစ်နီးပါး အတွင်း စီးပွားရေးကျ ဆင်းမှုဟာ အမြန်ဆုံးနှုန်းနဲ့ ကျဆင်းခဲ့တယ်လို့ ကိန်းဂဏန်တွေက ဖေါ်ပြနေပါတယ်။

စီးပွားရေး အားကောင်းလားရေး ဘယ်လို့ ဆောင်ရွက်ကြမယ် ဆိုတာနဲ့ ပတ်သက်ပြီး အီးယူ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ ဘရပ်ဆဲလ်မြို့မှာ အစည်းအဝေး ပြီးဆုံးသွားပြီး နာရီပိုင်း အကြာမှာပဲ အခုလို ကိန်းဂဏန်း တွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အီးယူ ဥက္ကဌ Herman van Rompuy က အီးယူစီးပွားရေးနဲ့ ပတ်သက်ပြီး အဓိက အချက်သုံးချက်ကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒါတွေကတော့ ပထမအနေနဲ့ အီးယူမူဝါဒတွေကို အပြည့်အဝ လက်ခံအောင် စည်းရုံးဖို့၊ ဒုတိယကတော့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေမှာ ပိုမို ကြိုးပမ်း ဆောင်ရွက်ဖို့နဲ့ နောက်ဆုံးအချက်ကတော့ အလုပ်အကိုင် ဖန်တီးပေးရေးဖြစ်တယ်လို့ သူကပြောပါတယ်။