ဆီးရီးယား မှာ အယ်လ်ခိုင်ဒါ လှုပ်ရှားနေ

  • 25 မေ 2012
syria rebels ဓာတ်ပုံ မူပိုင် AP
Image caption အာဆတ် ကို ဆန့်ကျင်ရာ အယ်လ်ခိုင်ဒါ ပါဝင်

ဆီးရီးယား နိုင်ငံ ထဲမှာ အယ်လ်ခိုင်ဒါ လက်နက်ကိုင်တွေ လှုပ်ရှားနေ ကြောင်း FSA ဆီးရီးယား လွတ်မြောက်ရေး သူပုန် အဖွဲ့က ဘီဘီစီကို အတည်ပြု ခဲ့ပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ အုပ်စု တွေကို အယ်လ်ခိုင်ဒါ က လက်နက် ငွေကြေး တခြား အထောက်အပံ့ တွေ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန် ခဲ့တယ်လို့ FSA အရာရှိ တဦးက ဆီးရီးယားက ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။

သမ္မတ အာဆတ် ကို ဆန့်ကျင် တိုက်ခိုက်မှုတွေမှာ အယ်လ်ခိုင်ဒါ ပါဝင်မှုကို အနောက် နိုင်ငံတွေ ဘက်က ကြောင့်ကြ နေ ကြပါပီ။

အနောက် နိုင်ငံတွေ ဘက်က အစိုးရ ဆန့်ကျင်တဲ့ အုပ်စုတွေကို မထောက်ပံ့ဘူး ဆိုရင် အစ္စလာမ္မစ် အုပ်စု တွေ ဆီးရီးယားကို ဝင်လာလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။