Bankia ဘဏ်ကြီး ဘဏ္ဍာရေး အကူအညီ တောင်းရပြီ

  • 25 မေ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption စပိန်က စတုတ္တ အကြီးဆုံးဘဏ်ကြီး

စပိန်နိုင်ငံက စတုတ္တ အကြီးဆုံး ဘဏ်ကြီး ဖြစ်တဲ့ ဘန်ကီယာဘဏ်ဟာ အစိုးရ ဆီက ဘဏ္ဍာရေး ကယ်ဆယ်မှု အကူအညီ ၂၄ ဒေါ်လာ ဘီလီယံ တောင်းခံခဲ့ပြီး ဒါဟာ စပိန် သမိုင်းမှာ အကြီးမားဆုံး ဘဏ္ဍာရေး အကူအညီ တောင်းခံမှု ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဒေါ်လာ သုံးဘီလီယံ ခွဲလောက် အမြတ်ရခဲ့တယ်လို့ ဆိုခဲ့တဲ့ ဘန်ကီယာ ဘဏ်က မနှစ်က ရလဒ်ကို ပြန်လည် သုံးသပ်တဲ့အခါ ဒေါ်လာ သုံးဘီလီယံ ခွဲကျော် အရှုံးပေါ်ခဲ့တယ်လို့ ပြောပါတယ်။

ဘဏ် မန်နေဂျာ အရာရှိတွေက ပြန်လည် ထူထောင်ရေး အစီအစဉ်တွေ ချမှတ်နေတုန်း ဘန်ကီယာ ဘဏ်ရဲ့ ရှယ်ယာ အရောင်းအ၀ယ်ကို အစောပိုင်းတုန်းက ရပ်ဆိုင်း ထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ အစိုးရက တစိတ်တပိုင်း နိုင်ငံပိုင် လုပ်ခဲ့ရတဲ့ ဒီ ဘန်ကီယာ ဘဏ်ဟာ စပိန်နိုင်ငံက အိမ်ယာ စျေးကွက် ယိုင်လဲမှုကြောင့် ကြွေးဆုံးတဲ့ဒဏ် အထိုက်အလျောက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။