ဆီးရီးယားမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရ

  • 26 မေ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေလည်း အများအပြား ပါဝင်

ဆီးရီးယားနိုင်ငံ ဟိုလာမြို့မှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက လူပေါင်း ၉၀ လောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့တယ်လို့ အဲဒီမြို့က အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောင်းကြောင်း ဟိုလာမြို့ ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေလည်း အများအပြား ပါဝင်တယ်လို့ တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။

သောကြာနေ့မှာ အခုလို သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ကုလသမဂ္ဂနဲ့ စောင့်ကြည့်သူတွေ အနေနဲ့ အရပ်သားတွေကို အကာ အကွယ်ပေးရေး ပိုမိုလုပ်ဆောင်ပေး ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်တာနက်အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုမှတ်တမ်းတခုမှာတော့ အိပ်ခန်းတခုထဲမှာ ကလေးငယ် လေးငါးဆယ် လောက်ဟာ အစုလိုက် အပြုံလိုက် သွေးအိုင်ထဲမှာ လဲနေပြီး သေနေတာကို တွေ့ရပါတယ်။

နောက်ပြီး ဘေးကကြည့်နေတဲ့ လူတွေဟာ ဒေါသဖြစ်ပြီ အော်ဟစ် နေကြတာကိုလည်း တွေ့ရပါတယ်။

အရှေ့အလယ်ပိုင်း ဘီဘီစီး သတင်းထောက်က ဒီဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးရာမှာ ဒီဖြစ်ရပ် မှန်မမှန် အတည်မပြုနိုင်ပေမယ့် ဟန်ဆောင်ပြီး ရိုက်ကူးဖို့ဆိုတာ ဟာလည်း သိပ်မလွယ်ဘူးလို့ ပြောပါတယ်။