ယူရိုဗစ်ရှင်း ဆွီဒင် အနိုင်ရ

  • 27 မေ 2012
eurovision
Image caption အနိုင်ရခဲ့တဲ့ ဆွီဒင်က လိုရင်းနဲ့ အဖွဲ့

အရင် ဆိုဗီယက် ပြည်ထောင်စု ထဲမှာ ပါခဲ့တဲ့ အဇာဘိုင်ဂျန် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ယူရိုဗစ်ရှင်း သီချင်းဆို ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်မှာ ၂၆ နိုင်ငံ ပြိုင်ခဲ့ ကြပါတယ်။

အဲဒီ အထဲမှာ ရုရှား နိုင်ငံက အဘွားအို တွေလည်း ပါသလို ယူကေ ဘက်ကလည်း အသက် ၇၆ နှစ် ရှိနေပြီ ဖြစ်တဲ့ ဗြိတိသျှ အဆိုတော်ကြီး အဲန်ဂဲလ်ဘတ် ဟမ်ပါဒစ် လည်း ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။

ပြိုင်ပွဲမတိုင်မီ သောကြာ နေ့ကတော့ မြို့တော် ဘာကူးမှာ ရှိတဲ့ ပြိုင်ပွဲကျင်းပမယ့် နေရာ အနီးမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြကြသူ ဒါဇင်ပေါင်း များစွာကို ရဲတပ်ဖွဲ့က ထိန်းသိမ်း ခဲ့ပါတယ်။

အစိုးရ ဆန့်ကျင်သူ တွေက သမ္မတ အီလ်ဟမ် အလီယဗ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန် နေကြတာ ဖြစ်ပါတယ်။

သမ္မတရဲ့ ဇနီး ကအဲဒီ ယူရို ဗစ်ရှင်း အဆိုပြိုင်ပွဲ ကျင်းပရေး အဖွဲ့ကို ခေါင်းဆောင်တာ ဖြစ်သလို သမီး လုပ်သူ ကလည်း အဲဒီ ပြိုင်ပွဲ အတွက် ရုပ်မြင် သံကြား ကနေ အစီအစဉ် တင်ဆက် ပေးသူ ဖြစ်ပါတယ်။

တခါ သားမက် လုပ်သူ ကလည်း ပြိုင်ပွဲ ကြားမှာ ခဏနားစဉ်မှာ သီချင်း ဝင်ဆို ခဲ့သေးတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲ မှာတော့ ဆွီဒင် အဆိုရှင် လိုရင်းက အနိုင်ရသွားခဲ့ပါတယ်။ သူမဟာ အဲဒီ ပြိုင်ပွဲမှာ နိုင်ငံရေး နဲ့ ပတ်သက်လို့ ဘာမှတ်ချက် မျိုးမှ မပေးခဲ့ ပေမဲ့လည်း လာရောက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံတကာ အဆိုရှင်တွေ ထဲမှာ အဲဒီက လူ့အခွင့်အရေး လှုပ်ရှားသူ တွေနဲ့ တွေ့ဆုံ ခဲ့တဲ့ တဉီးတည်းသော ပြိုင်ပွဲဝင် အဆိုရှင် ဖြစ်ပါတယ်။