နောက်ဆုံး ရေးသားချိန် 28 မေလ 2012 - 01:22 GMT

အိန္ဒိယ ဝန်ကြီးချုပ် မြန်မာ နိုင်ငံ ရောက်ရှိနေ

_singh

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မန်မိုဟန် ဆင်း

၂၅ နှစ် အတွင်းမှာ မြန်မာ နိုင်ငံကို ပထမဆုံး အကြိမ် လာရောက်တဲ့ အိန္ဒိယ ခေါင်းဆောင် ဖြစ်သူ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဟာ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ်က အိမ်နီးချင်း မြန်မာ နိုင်ငံနဲ့ ပိုမို ခိုင်မာတဲ့ ကုန်သွယ်မှု နဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို လုပ်လိုကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံဘက်က ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့တွေက အိန္ဒိယ အပေါ် စွဲဆောင်နေသလို မြန်မာ နိုင်ငံ အပေါ် တရုတ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ ကူးလူး ဆက်ဆံမှုတွေ အပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံ ထဲမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရှာဖွေရေးတွေ ဘက်မှာ လွှမ်းမိုးထား သလို လမ်း၊ တံတား၊ ပိုက်လိုင်းနဲ့ ဆိပ်ကမ်း တည်ဆောက်ရေးတွေ ဘက်မှာလည်း လွှမ်းမိုး ထားပါတယ်။

တနင်္လာနေ့ မှာ မန်မိုဟန် ဆင်းဟာ နေပြည်တော် မှာ သမ္မတ ဉီးသိန်းစိန် နဲ့တွေ့ဆုံ မှာဖြစ်ပြီး၊ အင်္ဂါနေ့မှာတော့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေဆုံမှာ ဖြစ်သလို အိန္ဒိယ လူမှု အဖွဲ့အစည်း တွေနဲ့ လည်း တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ရွှေတိဂုံ စေတီတော် ကိုလည်း သွားရောက် ဖူးမျှော်မှာ ဖြစ်ပြီး၊ အိန္ဒိယရဲ့နောက်ဆုံး မဂိုဘုရင်ရဲ့ သင်္ချိုင်းဂူကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။