ဆီးရီးယား သတ်ဖြတ်မှုကို နိုင်ငံတကာက ရှုံ့ချ

  • 27 မေ 2012
moon ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယားကို ရှုံ့ချလိုက်တဲ့ ဘန်ကီမွန်း

ဆီးရီးယား နိုင်ငံက ဟိုလာမြို့ အတွင်းမှာ ဖြစ်ပွား ခဲ့တဲ့ သတ်ဖြတ်မှု တွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ဆီးရီးယား ဆိုင်ရာ နိုင်ငံတကာ အထူးသံတမန် ကိုဖီအာနန် တို့က ပြစ်တင် ရှုံ့ချ လိုက်ကြပါတယ်။

ဆက်လက်ပြီး ဒါဟာ နိုင်ငံတကာ တရား ဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် တာပဲ ဖြစ်တယ် လို့လည်း ဆိုလိုက် ပါတယ်။

ဆက်လက်ပြီး ဆီးရီးယား အစိုးရကို လူနေ ထူထပ်တဲ့ ဒေသတွေကို လက်နက်ကြီး တွေသုံးပြီး ပစ်ခတ် နေတာ တွေကို ချက်ခြင်း ရပ်တန့် ကြဖို့ကို တောင်းဆို လိုက်ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောခွင့်ရ အမျိုးသမီး ကတော့ ဒီသတင်းတွေကြောင့် အမေရိကန် အနေနဲ့ ထိတ်လန့် တုန်လှုပ် မိကြောင်းနဲ့ ဒါဟာ ဒီ တရားမဝင်တဲ့ အစိုးရရဲ့ ယုတ်မာမှု တွေရဲ့ သက်သေ အထောက် အထား တွေဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ဗြိတိန် ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြန်ခေါ်ဖို့ လုပ်မယ်လို့ ဆိုလိုက် သလို နိုင်ငံတကာ ဘက်က ပြင်းထန်တဲ့ တုန်ပြန်မှု တခု ပေးသွား နိုင်ဖို့ကိုလည်း တိုက်တွန်းသွား မယ်လို့ ဆိုလိုက်ပါတယ်။