ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို တရားစွဲ

  • 28 မေ 2012
Bangladesh
Image caption နိုင်ငံရေးအရ စွပ်စွဲခံရတာလို့ Rahman Nizami ကို ထောက်ခံ သူတွေကဆို

ဘင်္ဂလားဒေ့ရှ် အစိုးရ က ဖွဲ့စည်း ပေးထားတဲ့ ခုံရုံး တခုက နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ္မစ် ပါတီ ခေါင်းဆောင်ကို စစ်ရာဇဝတ်မှု တွေနဲ့ စွဲချက်တင် လိုက်ပါတယ်။

Jamaat-e-Islami ပါတီရဲ့ ခေါင်းဆောင် Matiur Rahman Nizami ဟာ လူသတ်မှု၊ လူမျိုးတုန်း သုတ်သင်မှု စွဲဆိုချက် တွေနဲ့ ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ် တုန်းက ပါကစ္စတန် နိုင်ငံ ကနေ ခွဲထွက် ခဲ့တဲ့ လွတ်လပ်ရေး လှုပ်ရှားမှု တွေနဲ့ ဆက်နွယ်ပြီး သူ့ကို စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

သူ့ပါတီက ဒီစွပ်စွဲမှု တွေကို နိုင်ငံရေးအရ လုပ်တာလို့ ပြောဆို နေပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တွေကတော့ ဒါကို ငြင်းဆို ထားပါတယ်။