မီဒီယာနဲ့ ဆက်ဆံရေးအကြောင်း တိုနီဘလဲ ထွက်ဆို

  • 28 မေ 2012
Blair ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုနီဘလဲကို ရူးပတ် မားဒေါ့နဲ့ ရင်းနှီးသူလို့ စွပ်စွဲ မှုတွေ ရှိခဲ့

ဗြိတိန် နိုင်ငံမှာ သတင်း မီဒီယာ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ကာလ ရှည်ကြာ ပြုလုပ် နေတဲ့ စုံစမ်း စစ်ဆေးမှု တခုမှာ နိုင်ငံရေး သမား တွေနဲ့ သတင်း သမားတွေကြား ဆက်ဆံရေး ဟာ ပုံစံ မကျဘူးလို့ ဗြိတိသျှ ဝန်ကြီးချုပ် ဟောင်း တိုနီ ဘလဲက ထွက်ဆို ခဲ့ပါတယ်။

ဒါပေမယ့် သိပ် အဆင်ပြေ နေတဲ့ ပုံစံ မျိုးလည်း မဟုတ်ဘူး လို့ သူက ပြောပါတယ်။

မစ္စတာ ဘလဲဟာ News Corporation သတင်း အဖွဲ့အစည်း ရဲ့ ပိုင်ရှင် Rupert Murdoch နဲ့ နီးစပ် လွန်းတယ်လို့ စွပ်စွဲ ခံခဲ့ ရပါတယ်။

၁၉၉၄ ခုနှစ်မှာ သူလေဘာ ပါတီခေါင်း ဆောင် ဖြစ်မလာခင် တုန်းက News Corporation ဟာ လေဘာ ပါတီအပေါ် အတော် ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘလဲက ၁၉၉၂ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလမှာ မစ္စတာ မားဒေါ့ရဲ့ သတင်းစာ တွေက ရေးသားချက် တွေကို သူ့စိတ်ထဲမှာ ထင်ကျန် နေခဲ့ပြီး နောက်နောင် ဘယ်တော့မှ အဲဒီလို မဖြစ်ရအောင် လုပ်ဖို့ အခိုင်အမာ ဆုံးဖြတ် ခဲ့တယ်လို့ ပြောပါတယ်။