ပါလက်စတိုင်း အကျဉ်းသားကို လမ်းဘေးပစ်ထားလို့ သေဆုံးသွား

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပါလက်စတိုင်း အနုပညာရှင် တယောက် လက်ရာ

သေလုနီးပါး ဖြစ်နေတဲ့ ပါလစ်စတိုင်း အမျိုးသား Omar Abu Jarban ကို အသည်းအသန် ဖြစ်နေမှန်း သိရက်နဲ့ အစ္စရေး ရဲနှစ်ယောက်က လမ်းဘေးမှာ ပစ်ထားခဲ့လို့ သေဆုံးသွားတဲ့ အပေါ် လျစ်လျူရှု သတ်ဖြတ်မှုနဲ့ တရားစွဲထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ တုန်းက ခိုးထားတဲ့ ကားတစင်းကို ဖျက်ဆီးမှုနဲ့ မစ္စတာ ဂျာဘန်ကို ရဲက ဖမ်းဆီးချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူကို ဆေးရုံတင်ထားခဲ့ပေမယ့် အင်အားချိနဲ့နေဆဲ ဖြစ်ကာ အကြီးတန်း အစ္စရေး ရဲနှစ်ယောက်က သူ့ကို လမ်းဘေးမှာ ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

နောက်နှစ်ရက်ကြာတော့ ရေဓါတ်ခန်းခြောက်နေတဲ့ မစ္စတာ ဂျာဘန် ရုပ်အလောင်းကို လမ်းဘေးမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။