ဆီးရီးယား သတ်ဖြတ်မှု ထိတ်လန့် တုန်လှုပ်စရာလို့ အာနန်ပြော

  • 28 မေ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား အထူး သံတမန် Kofi Annan

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဆီးရီးယားနိုင်ငံ ဟူလာမြို့မှာ လူတရာကျော် သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်လို့ တကယ့် မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာပြီး ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အယ်လဝိုက် တိုက်ခိုက်ရေး သမားတွေနဲ့ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေ သူမအိမ်ထဲကို ဓါးတွေ ခလက်ရှ်နီကော့ဗ် စက်သေနတ်တွေနဲ့ ၀င်ရောက်ခဲ့ကြပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် မိသားစု၀င် အယောက်နှစ်ဆယ်ထဲက လေးယောက်ဘဲ အသက်ရှင်လျက် ကျန်တယ်လို့ ကျန်ရစ်သူ တယောက်က ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တွေ မရှိပေမယ့် သတင်းထောက်တွေ ပြောချက်အရ အစိုးရနဲ့ အတိုက်အခံတွေက တဖက်နဲ့ တဖက် အပြစ်ပုံချနေစမြဲဘဲလို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ ဟူလာမြို့က သတ်ဖြတ်မှုတွေဟာ နောက်ဆက်တွဲ ပြဿနာတွေကို တကယ့်ကို ရင်ဆိုင်ရမယ့် ထိတ်လန့် တုန်လှုပ်စရာ ပြစ်မှုတရပ်ဘဲလို့ အဲဒီမှာ ရောက်နေတဲ့ နိုင်ငံတကာ အထူး သံတမန် Kofi Annan ကိုဖီ အာနန်က ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ အလေးအနက်ထားကြောင်း ရဲရဲဝံ့ဝံ့ ပြသဖို့ လိုနေသလို အတိုက်အခံ တွေဖက်ကလည်း အလားတူ ဖြစ်သင့်တယ်လို့ မစ္စတာ အာနန်က ဆိုပါတယ်။

ဒီနေ့ အဂါနေ့မှာ မစ္စတာ အာနန်ဟာ ဆီးရီးယား သမ္မတ Kofi Annan ဘတ်ရှား အယ် အာဆက်ဒ်နဲ့ ဆွေးနွေးဖို့ ရှိပါတယ်။

သူဟာ တခြား ဆီးရီးယား အစိုးရ ခေါင်းဆောင်တွေ ၊ နိုင်ငံတကာက စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး General Robert Mood ရောဘတ်မုဒ် တို့နဲ့ တော့ တွေ့ဆုံပြီး ဖြစ်ပါတယ်။