သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တနင်္လာနေ့ မနက်ပိုင်းအစီအစဉ်

မြို့ထဲ လေယာဉ် ပျက်ကျ

ဓာတ်ပုံ မူပိုင် AP
Image caption မြေပြင်မှာပါ လူသေဆုံးရ

နိုင်ဂျီးရီးယား နိုင်ငံက အကြီးဆုံး မြို့ကြီး ဖြစ်တဲ့ လေဂို့စ်မှာ ခရီးသည်တင် လေယာဉ် တစင်း ပျက်ကျ လို့ လေယာဉ်ပေါ် ပါလာသူ လူ ၁၅ဝ လုံး သေဆုံးသွားပါတယ်။

အိန္ဒိယ ပိုင် ဒါနာ လေကြောင်းက ဒီစီ ၁ဝ ခရီးသည်တင် လေယာဉ်ဟာ အဘူဂျာ မြို့တော်က ပျံသန်း လာပီး ပုံနှိပ်စက် တလုံးနဲ့ အဆောက်အဦးတွေပေါ် ပျက်ကျ သွားပီး မီးခိုးလုံးတွေ တက်လာတာ ဖြစ်ပါတယ်။

မြေပြင်မှာ လူသေဆုံးမှု ရှိပေမယ့် သေစာရင်း အတိအကျ ကိုတော့ မသိရပါဘူး။

လေယာဉ်ပျက်ကျ ရတဲ့အကြောင်းရင်း ကိုတော့ မသိရသေးပါဘူး။

အရင်လ ကပဲ အလားတူ ဒါနာ လေကြောင်းပိုင် လေယာဉ်တစင်း စက်ပိုင်း ချွတ်ယွင်းမှုကြောင့် လေဂို့စ်မှာ အရေးပေါ် ဆင်းသက် ခဲ့ရပါတယ်။

အာဆတ် စွပ်စွဲချက် ဆော်ဒီပယ်

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆတ်က ကျူးကျော်စစ် ရင်ဆိုင်နေရ ဆို

ဆီးရီးယား ပဋိပက္ခဟာ နိုင်ငံခြား စွက်ဖက်မှုကြောင့် ဖြစ်ရတာ လို့ ထပ်ပြောပြန်တဲ့ သမ္မတ ဘရှား အယ်လ် အာဆတ်ရဲ့ မိန့်ခွန်းကို ဆော်ဒီ အာရေဗျက ပယ်ချ ခဲ့ပါတယ်။

ကုလ သမဂ္ဂ ထောက်ခံတဲ့ ငြိမ်းချမ်းရေး စီမံကိန်းကို လက်ခံရုံ လက်ခံပီး အကောင်အထည် မဖော်ဘဲ အချိန်ဆွဲ နေတာလို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးက မစ္စတာ အာဆတ်ကို စွပ်စွဲ လိုက်ပါတယ်။

ဆီးရီးယား လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ အာဆတ်က ပြည်ပ ကျူးကျော်စစ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာ သတင်းများ

- တိန်အာမင် ဆန္ဒပြပွဲက ဖမ်းထားဆဲ သူတွေ ပြန်လွှတ်ပေးဖို့ ကန်တောင်းဆို

- အလဇ္ဇဘက် စိန်ရတု ဆန္ဒပြမှုတွေရှိ

- မန္တလေး တောင်ဘက်မှာ လယ်ဧက နှစ်သောင်း ဝယ်ပီး မြို့ပြ စီမံကိန်း လုပ်ဖို့ ကြံ

- မန္တလေးမှာ ဆီမသန့်တာတွေ ဝင်နေသလား စတဲ့ သတင်းတွေနဲ့

အားကစား သတင်းတွေကိုတော့ ကိုဇေယျာက တင်ဆက် ပေးထားပါတယ်။

ဘီဘီစီ အစီအစဉ်တွေကို နားဆင်ပြီး သောတရှင်တွေရဲ့ ဝေဖန်အကြံပြုချက်တွေ ပေးပို့ကြ ပါလို့ ဖိတ်ခေါ် ပါတယ်။