အောက်က အသံဖိုင်ကို ဒေါင်းလုပ် လုပ်ပါ

အရည်အသွေးမြင့် mp3 (0.1 Mb)

သောကြာနေ့ ညပိုင်းအစီအစဉ်

တရုတ်ဆင်ဆာရှောင်ဖို့ Google လုပ်ဆောင်

၂၀၁၀ ကစလို့ တရုတ် ဆင်ဆာကို Google က ရင်ဆိုင်နေရပါတယ်

တရုတ်အစိုးရရဲ့ ဆင်ဆာတားမြစ်မှုကို ချိုးဖောက်နိုင်တဲ့ အသုံးအနှုံးတွေသုံးပြီး Google မှာ မရှာဖွေကြဖို့ တရုတ်နိုင်ငံထဲက Google သုံးစွဲသူတွေကို သတင်းအချက်အလက် ရှာဖွေနိုင်တဲ့ အင်တာနက် ကုမ္ပဏီ Google ဟာ သတိပေးပြောကြားလိုက်ပါတယ်။

Google မှာ အဲဒီလိုမျိုး တားမြစ်ထားတဲ့ စကားလုံးကို ရှာဖွေတဲ့ သူတွေရဲ့အင်တာနက်တွေ ယာယီပျက်တောက် မှုတွေနဲ့ ကြုံနေရပါတယ်။

ဒါကြောင့်လည်း ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် တခြားအစီအစဉ်တွေကို Google က စီစဉ်နေပါတယ်။

ဒါပေမယ့်လည်း အင်တာနက်တားမြစ်ချက်ကြောင့်လို့ မပြောပဲ နည်းပညာအရ တိုးတက် ကောင်းမွန်အောင် လုပ်တာလို့ ပြောနေပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကစလို့ တရုတ်ရဲ့ ဆင်ဆာထားရှိမှုတွေနဲ့ အင်တာနက် တိုက်ခိုက်မှု တွေကြောင့် တရုတ်ပြည်မကြီးမှာ Google ရုံးကို ပိတ်လိုက်ပြီး ဟောင်ကောင် ကနေတဆင့် အင်တာနက်ဝန်ဆောင်မှုတွေကို ပေးနေတာဖြစ်ပါတယ်။

ဥရောပမှာ အလုပ်လက်မဲ့နှုန်း ၁၁% ရှိ

ဥရောပ စီးပွားရေး ဆိုးရွားမှုက အလုပ်လက်မဲ့ ပိုများစေ

ယူရိုငွေသုံးစွဲတဲ့ နိုင်ငံတွေရဲ့ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းက အခုဆိုရင် ၁၁ ရာခိုင်နှုန်းရှိနေပြီး လူသန်းပေါင်း ၁၇ သန်း အလုပ်လက်မဲ့ဖြစ်နေပါတယ်။

ဒါဟာ ဥရောပမှာ လက်ရှိဖြစ်ပွားနေတဲ့ ငွေးကြေးပြဿနာတွေနဲ့ ကြွေးမှီပြဿနာတွေကြောင့် ဖြစ်ပါတယ်။

အခုထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် EU နိုင်ငံတွေရဲ့ အလုပ်လက်မဲ့နှုန်းက တနိုင်ငံနဲ့ တနိုင်ငံ အတော်လေးကွာခြားနေတာကို တွေ့ရပါတယ်။

သြစတြီးယားနိုင်ငံမှာ အလုပ်လုပ်မဲ့ ၃.၉ ရာခိုင်နှုန်း ပဲရှိပြီး စပိန်နိုင်ငံမှာ ဆိုရင်တော့ ၂၄ ရာခိုင်နှုန်း အထိရှိနေပါတယ်။

ယူရိုမှာ အလုပ်လက်မဲ့တိုးလာသလို အမေရိကန်နိုင်ငံမှာ လည်း အလုပ်လက်မဲ့နှုန်း ၈.၂ ရာခိုင်နှုန်းရှိနေပါတယ်။

စိတ်ဝင်စားဖွယ် တခြား မြန်မာသတင်းများ

- ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ KIA ကချင် လွတ်လပ် ရေး တပ်မတော်က ကိုယ်စားလှယ်တွေ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြ။

- မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းက မိုးထိမိုးမိ တောင်ပေါ်ရွှေတွင်းလုပ်ကွက်မှာ ကုမ္ပဏီဘက်က ရုတ်တရက် အလုပ်ရပ်နားလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၇သောင်းကျော်ဟာ သောကြာ မနက်မှာဆန္ဒပြခဲ့ကြ။

မြန်မာ့အရေး ကမ္ဘာ့ အရေး

- ပြည်တွင်းမှာ လောင်စာ မလုံလောက်ဘဲ သဘာဝဓါတ်ငွေ့တွေကို ပြည်ပသို့ ရောင်းသင့် မရောင်းသင့်

ဦးမောင်မောင်သန်းက ဆွေးနွေး တင်ဆက် ထားပါတယ်။

ဘီဘီစီရဲ့အစီအစဉ်တွေကို နားဆင်ပြီး ဝေဖန်အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။