သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စနေနေ့ မနက်ပိုင်းအစီအစဉ်

ဆီးရီးယား သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အာနန် အရှိန်မြှင့်လို

ဓာတ်ပုံ မူပိုင် AFP
Image caption ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရှိန်မြှင့်ကို ကိုဖီ အာနန် ဆို

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဆီးရီးယား နိုင်ငံ ဟူလာမြို့မှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှုကို စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့ပြီးတဲ့နောက် ဆီးရီးယား အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှု တိုးလာနေပါတယ်။

ဒီသတ်ဖြတ်မှုမှာ ပါဝင်တဲ့သူတိုင်း စစ်ရာဇဝတ်မှုနဲ့ တရားစွဲ အပြစ်ပေးခံရမယ်လို့ အဲဒီ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆီးရီးယား အရေးဆိုင်ရာ နိုင်ငံတကာ အထူး သံတမန် ကိုဖီ အာနန်ကတော့ ဒီအကြမ်းဖက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ လူတိုင်း မကျေမနပ် ဒေါသ ထွက်ခဲ့ကြသလိုဘဲ ကျွန်တော်လည်း အလားတူ ခံစားရတဲ့ အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ခပ်သွက်သွက် အကောင်အထည် ဖော်ချင်ပါတယ်လို့ ပြောပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကလည်း ဆီးရီးယား နိုင်ငံက ပြဿနာတွေ အဆုံးသတ်သွားမယ့် တခုတည်းသော နည်းလမ်းဟာ သမ္မတ ဘတ်ရှား အယ် အာဆက် ရာထူးက ဆင်းပေးဖို့ဘဲလို့ ဆိုပါတယ်။

အာရှ ပစ္စဖိတ်ရေးရာ အမေရိကန် မူဝါဒ ပန်နက်တာ ပြောမယ်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပက်နက်တာ

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Leon Panetta လီယန် ပန်နက်တာဟာ ၊ အာရှ ပစ္စဖိတ် ဒေသဆိုင်ရာ အမေရိကန်ရဲ့ လုံခြုံရေး မူဝါဒသစ် အသေးစိတ်ကို ၊ စင်္ကာပူမှာ ကျင်းပတဲ့ Shangri-la Dialogue လို့ခေါ်တဲ့ အာရှ ပစ္စဖိတ် ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ညီလာခံမှာ လာမယ့် နာရီပိုင်း အတွင်း မိန့်ခွန်း ပြောကြားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ တုန်းကတော့ အမေရိကန်ရဲ့ ကာကွယ်ရေး ဗျူဟာတွေဟာ အာရှ ပစ္စဖိတ် ဒေသကို အဓိက အလေးထား သွားမယ် ၊ ဒါဟာလည်း ဒေသတွင်း တရုတ်ရဲ့ အင်အား ကြီးထွားလာမှုကြောင့် ဖြစ်တယ်လို့ သမ္မတ အိုဘားမား အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။

တခြား စိတ်၀င်စားစရာ သတင်းတွေကတော့

- ဗြိတိန်ရောက် မြန်မာ အနုပညာရှင် ကိုဇာကနာ The Hay Festival တက်မယ်

- ကချင် လွတ်လပ်ရေး အဖွဲ့ ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ တူးဂျာ ပါတီထောင်ဖို့ ကြိုးပမ်းပြန်

- တောင်ကုတ် သံတွဲကြား ခရီးသည်တင်ကား တိမ်းမှောက်

အလင်္ကာ ပုလဲပန်း အစီအစဉ်ကို ကိုသိန်းမြတ်က တင်ဆက်ထားပါတယ်။