သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တနင်္ဂနွေနေ့ ညပိုင်းအစီအစဉ်

ဗြိတိသျှဘုရင်မကြီး သိမ်းမြစ်တလျှောက် ဖေါင်တော်နဲ့ လှည့်လည်

Image copyright Getty
Image caption နှစ်ပေါင်း ၃၀၀ ကျော်အတွင်း ပထမဦးဆုံး ပြန်လည်ကျင်းပတဲ့ ဖေါင်တော်နဲ့ လှည့်လည် ပွဲကြီး ဖြစ်ပါတယ်

ဗြိတိသျှ ဘရင်မကြီး အလဇ္ဇဘက်ဟာ သူ့ရဲ့ နန်းသက် နှစ် ၆၀ စိန်ရတု သဘင် အခမ်းအနား အဖြစ် အလှတန်ဆာ ဆင်ထားတဲ့ ရေယာဉ်ကြီးနဲ့ လန်ဒန်မြို့ သိမ်းမြစ် တလျှောက် ရေယာဉ် မြောက်များစွာ ခြံရံပြီး လှည့်လယ် ခဲ့ရာမှာ ထောင်ပေါင်း များစွာသော လူတွေဟာ မြစ်ကမ်းဘေး တလျှောက် ကြိုဆိုနေခဲ့ကြ ပါတယ်။

အခုလို မြောက်မြားစွာသော အလှတန်ဟာ ဆင်ယာဉ်ထားတဲ့ ယာဉ်တွေ သိမ်းမြစ်ကြီး ထဲမှာ လှည့်လယ်တဲ့ အခမ်းအနားဟာ နှစ်ပေါင်း ၃၀၀ ကျော်အတွင်း ပထမဦးဆုံး ပြန်လည် ကျင်းပတဲ့ ပွဲကြီး ဖြစ်ပါတယ်။

၁၉ ရာစုနှစ်က ဗစ်တိုးရီးယား ဘုရင်မကြီး ထီးနန်း စိုးစံစဉ်က နန်းသက် နှစ် ၆၀ စိန်ရတု အခမ်းအနား ပြုလုပ်ပြီး နောက်ပိုင်း အခုအကြိမ် အလဇ္ဇဘက် ဘုရင်မကြီးရဲ့ နန်းသက် စိန်ရတု သဘင် အခမ်းအနားဟာ ပထမဦးဆုံး ဖြစ်ပါတယ်။

ဘုရင်မကြီးဟာ ပန်းမံတွေနဲ့ လှပစွာ တန်ဆာ ဆင်မြန်းထားတဲ့ ဖေါင်တော်ယာဉ် ကြီး နဲ့ လှည့်လယ်ရာမှာ လှေတွနဲ့ ရေယာဉ်ပေါင်း တထောင်ကျော်ကလည်း ဘေးကနေ ခြံရံပြီး ကြိုဆိုခဲ့ကြ တာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ အာဆတ် ပါလီမန်သစ်မှာ မိန့်ခွန်းပြောကြား

Image copyright AFP
Image caption ပြည်ပက ထိုးနှက်တဲ့ တကယ့် စစ်ပွဲတခုကို ရင်ဆိုင်နေရာတယ်လို့ သမ္မတ အာဆတ်ပြော

ဆီးရီးယား နိုင်ငံမှာ အသစ်ပြန်လည် ရွေးကောက် တင်မြောက်လိုက်တဲ့ ပါလီမန်မှာ သမ္မတ အာဆတ် မိန့်ခွန်းပြောကြားရာ၊ သူ့နိုင်ငံဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ တို့ရဲ့ ထိုးနှက် တိုက်ခိုက်နေတဲ့ တကယ့်စစ်ပွဲ တခုကို ရင်ဆိုင် နေရတယ်လို့ ပြောကြားသွားပါတယ်။

ဒါပေမယ်လို့ ဆီးရီးယား ပြည်သူတွေ အနေနဲ့ နိုင်ငံတကာရဲ့ ဝင်ရောက် စွက်ဖက်မှုကို လက်မခံပဲ ပယ်ချခဲ့ပြီး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဟိုလိုမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အစိုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တော့လည်း သမ္မတ အာဆတ်က ပထမဆုံး အကြိမ် လူသိရှင်ကြား သူ့အမြင်ကို ပြောကြားသွား ပါတယ်။

သမ္မတ အာဆတ်က ဘီလူး တိရိစ္ဆာန်တွေတောင် အခုလို သတ်ဖြတ်မှုမျိုးကို လုပ်မှာ မဟုတ်ဖူးလို့ ပြောကြားပြီး၊ သွေးထွက် သံယိုဖြစ်မှုတွေ အလျင်အမြန် အဆုံးသတ် သင့်ပြီလို့ ပြောပါတယ်။

သူ့အဆို အကြမ်းဖက် လုပ်ရပ်တွေ တိုးပွားလာနေတာကို ရည်ညွှန်း ပြောကြားရာမှာတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုး ဆောင်ရွက်နိုင်ဖို့ အတွက် အကြမ်းဖက်မှုတွေ အဆုံးသတ်ရမယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံ တပ်ဖွဲ့တွေနဲ့ ဆွေးနွေး အဖြေရှာရေး တံခါးကိုလည်း ဆက်လက် ဖွင့်ထားပြီး၊ အကြမ်းဖက် တိုက်ခိုက်သူတွေနဲ့ နိုင်ငံခြား သြဇာခံတွေ အနေနဲ့ ဆွေးနွေးရေး တံခါးကို ဝင်လာ ကြဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားဖွယ် တခြားမြန်မာသတင်းများ

- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး၊ ဝေဖန်မှုတွေရှိ။

- မြန်မာနိုင်ငံရဲ့ CMP အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မှာ ကျင်းပ။

အပတ်စဉ် အစီအစဉ်များ

လင်းလက်ကြယ်စင် - လူငယ်အစီအစဉ်။

ဘီဘီစီရဲ့အစီအစဉ်တွေကို နားဆင်ပြီး ဝေဖန်အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။