သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကြာသပတေးနေ့ မနက်ပိုင်းအစီအစဉ်

ဆီးရီးယားမှာ အစုလိုက် သတ်ခံရပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ရွာထဲ ဝင်ပီး လူအများကြီးကို ကပ်ပစ်ခဲ့

ဟိုလာမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု မျိုးလို ဟာမာ ခရိုင်က အနည်းဆုံး အရပ်သား ၇၈ ဦး ကိုလဲ ဆီးရီးယား အစိုးရ တပ်တွေက သတ်ဖြတ် ခဲ့ပြန်ပီလို့ အတိုက်အခံ တွေက ဆိုပါတယ်။

အစိုးရ ဘက်တော်သား စစ်သွေးကြွတွေနဲ့ ဆီးရီးယား လုံခြုံရေး တပ်သားတွေ ကူဘီယာ ရွာထဲ ဝင်ပစ်ပီး လူအများကြီးကို အနီးကပ် ပစ်ခတ် သတ်ဖြတ် ခဲ့တယ်လို့ အတိုက်အခံ ဘက်က ပြောပါတယ်။

သေဆုံး သူတွေထဲမှာ အမျိုးသမီး နှစ်ဆယ်နဲ့ ကလေး နှစ်ဆယ်ကျော်လဲ ပါတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် အကြမ်းဖက် အုပ်စုတွေ တိုက်ခိုက်ခံ နေရတဲ့ ဒေသခံတွေ ပန်ကြားချက် အရ ဆီးရီးယား တပ်တွေ ကူဘီယာကို ဝင်တိုက်ခဲ့တယ်လို့ အစိုးရ ရုပ်သံက ကြေညာ ပါတယ်။

နိုင်ငံတကာ အထူး ကိုယ်စားလှယ် ကိုဖီအာနန်ဟာ ပျက်ပြား မတတ် ဖြစ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး စီမံကိန်း ကို ပြန်လည် အသက်ဆက်နိုင်ဖို့ ကြိုးစား နေပါတယ်။

ကန်က မောင်းသူမဲ့ ယာဉ် သုံးအုံးမယ်

ဓာတ်ပုံ မူပိုင် AP
Image caption ပါကစ္စတန်မှာ ဒီယာဉ်တွေနဲ့ ဆက်တိုက်မယ်

မောင်းသူမဲ့ ယာဉ်နဲ့ တိုက်ခိုက်မှုတွေကို အမေရိကန် က ပါကစ္စတန်မှာ ဆက်လက် ဆင်နွှဲ သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပနက်တာက ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ် ခုခံသွားဖို့ အမေရိကန် ဘက်က ရှင်းရှင်းလင်းလင်း ပိုင်းဖြတ်ထားတယ်လို့ ပါကစ္စတန်ရဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ မစ္စတာ ပနက်တာက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ကန့်ကွက်ကြောင်း ပြောကြားဖို့ အင်္ဂါနေ့ ကပဲ အစ္စလာမ္မာဘတ်က အမေရိကန် သံရုံး တာဝန်ခံကို ပါကစ္စတန် နိုင်ငံခြားရေး ဌာနက ဆင့်ခေါ် ထားပါတယ်။

အင်္ဂါနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှု မှာ အနည်းဆုံး လူ ၁၅ ယောက် သေဆုံး ခဲ့ပါတယ်။

အယ်လ်ခိုင်ဒါရဲ့ ဒုတိယ ဦးစီးမှူး အဘူ ယာယား အယ်လ် လစ်ဘီကို သတ်ဖြတ်နိုင် ခဲ့တယ်လို့ အမေရိကန် ဘက်က ပြောကြား ပါတယ်။

တခြား စိတ်ဝင်စားဖွယ် သတင်းများ

- အာဖဂန် အရှေ့ပိုင်း လိုဂါ ခရိုင် စစ်ဆင်ရေး အတွက် နေတိုး စစ်ဆေးမယ်

- သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ရန်ကုန် ရောက်

- အနောက်ဘက် ကမ်းမှာ အစ္စရေး အိမ်ရာသစ်တွေ ဆောက်ပေးမယ်

ဘန်ကောက် စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တဲ့ စီးပွားရေးနဲ့ အမျိုးသမီး တန်းတူလွတ်လပ်ခွင့် အကြောင်းစီးပွားရေး သုံးသပ်ချက် တင်ဆက်ထားပီး

ဘီဘီစီရဲ့ အစီအစဉ် တွေကို နားဆင်ပြီး ဝေဖန် အကြံပြု ချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ် ပါတယ်။