သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်္ဂါနေ့ ညပိုင်းအစီအစဉ်

အလဇ္ဇဘက် စိန်ရတု လူသိန်းချီလာ

Image caption လေတပ်မတော် က ကောင်းကင်က ပျံသန်း ဂုဏ်ပြု

ဗြိတိန်က ဒုတိယ အလဇ္ဇဘက် ဘုရင်မကြီးရဲ့ နန်းသက် စိန်ရတု သဘင်ကို လန်ဒန်မြို့မှာ ခမ်းနား ကြီးကျယ်စွာ ကျင်းပ ခဲ့ပါတယ်။

သိန်းနဲ့ချီတဲ့ လူထုကြီးက ဘက်ကင်ဟမ် နန်းတော် လသာဆောင်ကနေ ဘုရင်မနဲ့ တော်ဝင် မိသားစု ထွက်ပီး နှုတ်ဆက်တာကို ကောင်းချီး သြဘာ ပေးခဲ့ကြ ပါတယ်။

ဒီအချိန်မှာ ဘုရင်မ လေတပ်မတော် ကလဲ ကောင်းကင်ယံ ကနေ ပျံသန်း ဂုဏ်ပြု ခဲ့ပါတယ်။

ကနေ့ မနက်က အလဇ္ဇဘက် ဘုရင်မဟာ စိန်ပေါ ကက်သီဒရယ် ဘုရားကျောင်း ကြီးက ကျေးဇူးတော် ချီးမွမ်းပွဲကို တက်ရောက်ခဲ့ ပါတယ်။

အင်္ဂလီကန် အသင်းတော် ဂိုဏ်းချုပ်ကြီး ရိုဝမ် ဝီလျံ က ဘုရင်မရဲ့ နိုင်ငံ အတွက် နှစ် ၆ဝ ကြာ ဆောင်ရွက်မှုတွေကို ချီးကျူးစကား မြွက်ကြား ပါတယ်။

အဲဒိနောက် ဘုရင်မဟာ ဝက်စမင်စတာ ခန်းမမှာ ဖိတ်ကြား ထားတဲ့ မင်းပရိသတ် နဲ့အတူ နေ့လည်စာ ပွဲတော်တည် ခဲ့ပါတယ်။

သားနား ခန့်ညားစွာ ဝတ်ဆင်ထားတဲ့ မြင်းတပ်သားတွေ ဦးဆောင် ကြွချီ လာတဲ့ ဘုရင်မကြီး ဘက်ကင်ဟမ် နန်းတော်ကို ပြန်တဲ့ လမ်းတလျှောက် မှာလဲ လူထုကြီးက စီတန်း ကြိုဆို ခဲ့ကြပါတယ်။

ဆီးရီးယား စွက်ဖက်မှု ရုရှ တရုတ် ဆန့်ကျင်

ဓာတ်ပုံ မူပိုင် AFP
Image caption နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်မြှင့်ဖို့ ပူတင် တရုတ်ပြည်သွား

ဆီးရီးယားမှာ ပြည်ပ စွက်ဖက်မှုနဲ့ အစိုးရ ပြောင်းလဲအောင် ကြိုးစားမှု မှန်သမျှကို တရုတ်နဲ့ ရုရှ နှစ်နိုင်ငံလုံးက ဆက်လက်ဆန့်ကျင် သွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနက ကြေညာ ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်မြှင့်ဖို့ ရုရှ သမ္မတ ဗလာဒီမာ ပူတင် ရဲ့ သုံးရက်ကြာ တရုတ်ပြည် ခရီးစဉ် အစမှာ ဒီလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား အပစ်အခတ်တွေ အမြန်ဆုံး ရပ်စဲဖို့ အရေးကြီး ကြောင်းလဲ နှစ်ဘက်လုံးက သဘောတူ ကြပါတယ်။

ဆီးရီးယား အရေးဟာ လုံခြုံရေး ကောင်စီမှာ ဖိအား အပေးခံရဆုံး ကိစ္စ ဖြစ်နေကြောင်းလဲ ကုလ သမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး လီပေါက်ဒေါင်က ပြောကြား ခဲ့ပါတယ်။

တခြား စိတ်ဝင်စားဖွယ် သတင်းများ

- အမေရိကန် ကာကွယ်ရေး ဝန်ကြီး အိန္ဒိယ ဝန်ကြီးချုပ် နဲ့ တွေ့ဆုံ

- ဂျော်ဂျီယာ ခွဲထွက် နယ်မြေ တွေက ရုရှ တပ်တွေ ဆုတ်ပေးဖို့ ဟီလာရီ ကလင်တန် တောင်းဆို

- အစိုးရ ရုပ်သံ အသုံးအနှုန်း အတွက် ရန်ကုန်မှာ မွတ်စလင်(မ်)တွေ ဆန္ဒပြ

အပတ်စဉ် အစီအစဉ်များ

- စီးပွားရေး သုံးသပ်ချက် - ဘန်ကောက် စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တဲ့ စီးပွားရေးနဲ့ အမျိုးသမီး တန်းတူလွတ်လပ်ခွင့် အကြောင်း ။

- စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေရဲ့ ဖဆပလ ခေတ် ကျောင်းသား အဖွဲ့အစည်းတွေ အကြောင်း ဝင်းဖေလွယ်အိတ် အစီအစဉ်။

ဘီဘီစီရဲ့အစီအစဉ်တွေကို နားဆင်ပြီး ဝေဖန်အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။