သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗုဒ္ဓဟူးနေ့ ညပိုင်းအစီအစဉ်

အာဖဂန် အရေး တရုတ်က အဓိက ပါဝင်ချင်

Image caption ၂၀၁၄ ခုနှစ်နောက်ပိုင်း အာဖဂန် အနာဂတ်နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်

တရုတ်နိုင်ငံဟာ ရုရှားနဲ့ ပူပေါင်းပြီး၊ တခြား သော အာရှအလယ်ပိုင်း ဒေသက အိမ်နီးချင်း နိုင်ငံတွေနဲ့ အတူ အာဖဂန်နစ္စတန် အရေးနဲ့ ပတ်သက်ပြီး ပိုမိုကြီးမာတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ချင်ကြောင်း ပြောကြားလိုက် ပါတယ်။

၆ နိုင်ငံပါ ဒေသတွင်း အဖွဲ့အစည်းတခု ဖြစ်တဲ့ ရှန်ဟိုင်း ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လုံခြုံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ အာဖဂန်နစ္စတန် ကနေ ၂၀၁၄ ခုနှစ်ကျရင် နိုင်ငံခြား တပ်ဖွဲ့တွေ ပြန်ရုပ်တဲ့အခါ ရှေ့ဆက်ဘာတွေ လုပ်ကြမလဲဆိုတဲ့၊ အာဖဂန် အနာဂတ်နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးနေပါတယ်။

အာဖဂန်သမ္မတ ဟားမစ်ခါဇိုင်း ကတော့ တရုတ်ခေါင်းဆောင်တွေနဲ့ ပူပေါင်းဆောင်ရွက်ရေး မဟာဗျူဟာသစ် တခု ချနိုင်ဖို့ မျှော်လင့်နေပါတယ်။

တရုတ်ကလည်း အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး သဘာတူညီချက် တခု ရချင်နေတာ ဖြစ်ပါတယ်။

ဒါဟာ တရုတ်နိုင်ငံ အနောက်ဘက် ရှန်ဂျင်ပြည်နယ် မှာ လှုပ်ရှားနေတဲ့ ခွဲထွက်ရေး မူဆလင်တွေကို ရည်ညွန်း ပြောကြားပုံရပါတယ်။

အိန္ဒိယနဲ့ အမေရိကန် ပိုမို ပူးပေါင်း သင့်ကြောင်း အမေရိကန်ပြော

ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယဟာ အာရှေဒသက သူတို့ရဲ့ အဓိက မိတ်ဆွေ နိုင်ငံ တခုဖြစ်တယ်လို့အမေရိကန်က ပြောပါတယ်

အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပက်နက်တာက အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ကာကွယ်ရေး ဆိုင်ရာ ပူပေါင်း ဆောင်ရွက်မှုတွေကို ပိုမို ထဲထဲဝင်ဝင် ပြုလုပ်သင့် ကြောင်း ပြောကြားလိုက်ပါတယ်။

ဒါမှသာ အာရှဒေသမှာ ပိုမို တည်ငြိမ်မှု ပေးနိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

မစ္စတာ ပက်နက်တာဟာ အိန္ဓိယ ကာကွယ်ရေး ဝန်ကြီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒေလီမြို့ ညီလာခံတခုမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ပက်နက်တာရဲ့ ၂ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း နေတိုးတပ်ဖွဲ့တွေ အာဖဂန် ကနေ ၂၀၁၄ မှာ ရုပ်သိမ်းပြီးတဲ့နောက် ဒေသတွင်း တည်ငြိမ်ရေးနဲ့ အာဖဂန် လုံခြုံရေး အခြေအနေ ကိစ္စရပ်ဟာ အဓိက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ အာရှေဒသက သူတို့ရဲ့ အဓိက မိတ်ဆွေနိုင်ငံ တခုဖြစ်တယ်လို့လည်း အမေရိကန် က ပြောပါတယ်။

စိတ်ဝင်စားဖွယ် မြန်မာသတင်းများ

- မြန်မာနိုင်ငံကို ရောက်ရှိနေ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး Hon Bob Carr ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီတွေနဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ ဥရောပ သွားရောက်ဖို့ ခရီးစဉ် အကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့။

- ငြိမ်းချမ်းရေးကို လိုလားတဲ့ ကချင်-ရှမ်း-ဗမာ-စတဲ့ ဒေသခံ တိုင်းရင်းသား စုပေါင်းပြီး “ကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်းရေးလိုလားသူများအဖွဲ့” ကို ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အင်္ဂါနေ့က ဖွဲ့စည်းခဲ့။

- ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ငြိမ်ရေး ထိန်းသိမ်း နိုင်ဖို့ အတွက် ပြည်နယ် အစိုးရက ဦးဆောင်းပြီး၊ ကော်မီတီ တစ်ရပ်ကို ဘာသာ ပေါင်းစုံက ပုဂ္ဂိုလ်တွေ၊ မြို့မိ မြို့ဖတွေနဲ့ စစ်တွေမြို့မှာ ဖွဲ့စည်း။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်

- ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူတွေ ဘာလုပ်ကြ မလဲဆိုတာ သောတရှင်တွေနဲ့ အတူ ကိုချိုက ဆွေးနွေး တင်ဆက် ပေးထားပါတယ်။

ဘီဘီစီရဲ့အစီအစဉ်တွေကို နားဆင်ပြီး အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။