နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2010 - 20:45 GMT

စာကိုနားနဲ့ဖတ်ပါ

စာကိုနားနဲ့ဖတ်ရန် ဘီဘီစီမြန်မာဌာနမှူး ဒေါ်တင်ထားဆွေ အကြံပြုချက် ၁

စာကိုနားနဲ့ဖတ်ရန် ဘီဘီစီမြန်မာဌာနမှူး ဒေါ်တင်ထားဆွေ အကြံပြုချက် ၂

'စာကိုနားနဲ့ဖတ်ပြီးရေးကြပါ' လို့ အကြံပြုထားတဲ့ ဆောင်းပါးတပုဒ်ကို မြန်မာပြည်ထုတ် ဂျာနယ်တစ်စောင်မှာ ဖတ်ရပါတယ်။

မိမိရေးပြီးသမျှစာကို နှုတ်က ရွတ်ကြည့်ရင် သဒ္ဒါပိုင်းဆိုင်ရာ အထားအသို လွဲမှားမှုရှိခဲ့ရင် နားကချက်ချင်း သတိထားမိမယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ဒီအကြံပြုချက်ဟာ ရေဒီယိုအသံလွှင့် လုပ်ငန်းအတွက် အလွန်တန်ဖိုး ရှိပါတယ်။

ရေဒီယိုအတွက် ရေးသားတဲ့အခါမှာ အသံမလွှင့်ခင် မိမိရေးပြီးသမျှစာကို မျက်စိနဲ့ကြည့်၊ နှုတ်ကရွတ်ရင်း နားနဲ့ပြန်ဖတ်ကြည့်ပါ။

အလားတူအခြားသူရေးတဲ့ စာတွေကိုလည်း မျက်စိနဲ့ကြည့်၊ နှုတ်ကရွတ်၊ နားနဲ့ဖတ်ကြည့်ပါ။

သဒ္ဒါအထားအသို လွဲမှားနေရင် နားကချက်ချင်း သိတာကြောင့် လွဲမှားနေတဲ့ သဒ္ဒါအထားအသိုကို မှန်ကန်အောင် ပြင်ဆင်ရေးသားနိုင်ပါတယ်။

သဒ္ဒါအထားအသိုလွဲမှားလျှင် အဓိပ္ပာယ်လည်း လွဲမှားသွားနိုင်ပါတယ်။

နောက်သတိပြုသင့်တဲ့ အချက်တစ်ခုက ဝါကျတစ်ခုက စာရွက်ပေါ်မှာ ဖတ်လို့ကောင်းပေမယ့် နှုတ်ကရွတ်လို့ မရတာမျိုးလည်း ရှိပါတယ်။

ဥပမာပြရရင် အချက်အလက်တွေနဲ့ ပြည့်လျှံနေတဲ့ စာကြောင်းမျိုး၊ ဒါမှမဟုတ် ဝါကျအတိုလေးတွေ အသုံးပြုပြီး အချက်အလက်တွေ ဖော်ပြထားတာမျိုးကို ဆိုလိုပါတယ်။

'လုံခြုံရေးတပ်ဖွဲ့ နေရာယူထားတဲ့ဘက်ကို ဗုံးခွဲတိုက်ခိုက်လို့ ရဲကဝင်စီးရတာလို့ ရဲကပြောပါတယ်၊ ရဲကခပ်ကြမ်းကြမ်း လက်တုန့်ပြန်ပါတယ်၊ ရဲတွေက စီတန်းပြီးဝင်လာတာပါ၊ ရဲတွေကို မီးသတ်ပိုက်နဲ့နောက်က အကာအကွယ်ပေးပါတယ်၊ ရဲကဆန္ဒပြသမားတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ပါတယ်။'

ဒီစာပိုဒ်ကို နှုတ်ကရွတ်ကြည့်ရင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသလို နားထောင်လို့လည်း မကောင်းဘူးဆိုတာကို သတိပြုမိမှာ ဖြစ်ပါတယ်။

ထိပ်တန်းသတင်းများ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။