သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝင်းဖေလွယ်အိတ်

  • 31 ဇူလိုင် 2010

ဒီအပတ်မှာတော့ ဆရာဦးဝင်းဖေက မြန်မာ့ရိုးရာ မဟာဂီတကို ထိန်းသိမ်းထားတဲ့ အဓိက အုပ်စုကြီး နှစ်စု အကြောင်း ပြောပြထားပါတယ်။ မြန်မာ့ နောက်ဆုံး မင်းနေပြည်တော် မန္တလေးကို အခြေခံတဲ့ မဟာဂီတကို မူရင်းအတိုင်း မပြောင်းမလဲ မပြုမပြင်ထားချင်တဲ့ အုပ်စုနဲ့ မန္တလေးအပြင်က မဟာဂီတကို ဆန်းသစ်တီထွင်လိုတဲ့ အုပ်စု တွေအကြောင်းပါ။

ဒီအုပ်စု နှစ်စုစလုံးနဲ့ နီးစပ်ပြီး ပညာတွေ စုံခဲ့တဲ့ စောင်းဦးမြင့်မောင် အကြောင်းကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။