သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

Cool-tech (ပါတီနဲ့ နည်းပညာ)

  • 18 ဩဂုတ် 2010
Image caption ပါတီတွေ ဝက်ဘ်ဆိုက်သုံးရင် အွန်လိုင်းကနေ လေ့လာနိုင်သလို မေးမြန်း ငြင်းခုံနိုင်တယ်

အမေရိကန် သမ္မတ အိုဘားမား ဟာ အွန်လိုင်းကို ကောင်းကောင်း အသုံးချ မဲဆွယ်ပြီး ၂၀၀၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတ ဖြစ်လာခဲ့လို့ President 2.0 လို့ ခေါ်ဆိုခြင်း ခံခဲ့ရပါတယ်။ အခုဆို မြန်မာနိုင်ငံမှာလည်း လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ကျရင် အထွေအထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာပါ။ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင် နေတဲ့ နိုင်ငံရေး ပါတီတွေရော နည်းပညာနဲ့ အွန်လိုင်းကို အသုံးချနေ ကြပါသလား။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ဦးရေက သိန်းဂဏန်းပဲ ရှိသေးပေမယ့် အဲဒီလူတွေကနေ တဆင့် ပါတီတွေရဲ့ မူဝါဒတွေနဲ့ သတင်း စကားတွေ မဲဆန္ဒရှင် သန်းဂဏန်း ဆီကို ရောက်ရှိ စေနိုင်ပါတယ်။ ဒီအကြောင်းကိုတော့ ပါတီတွေက တာဝန်ရှိသူတွေနဲ့ ဆက်သွယ် မေးမြန်းပြီး ကိုချိုက တင်ဆက်ပေးထားပါတယ်။