သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ချယ်ဆီး ဂိုးပြတ်နဲ့ နိုင်ပီး ဇယားထိပ်ရောက်

  • 22 ဩဂုတ် 2010
Image caption ဂိုးသွင်းခွင့် မဖန်တီးတတ်တဲ့ ဝစ်ဂန်ကို ချယ်ဆီး ခြောက်ဂိုးရှုး

ပရဲမီးယားလိဂ် ဒုတိယပတ်မှာ ချယ်ဆီး တခါ ခြောက်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ ပြန်ပါတယ်။ မနှစ်က ရှစ်ဂိုးပြတ်နဲ့ နိုင်တဲ့ ဝစ်ဂန်ကို ခြောက်ဂိုးပြတ်နဲ့ နိုင်ပြီး နှစ်ပွဲ ခြောက်မှတ် ၁၂ ဂိုးရှုးပြီး ဇယားထိပ် နေရာကို ယူထားပါတယ်။

အာဆင်နယ်လည်း ဘလက်ပူးကို ခြောက်ဂိုးပြတ်နဲ့ နိုင်သလို နယူးကယ်ဆယ်လည်း အာစတန် ဗီလာကို ခြောက်ဂိုးပြတ်နဲ့ နိုင်ပါတယ်။

မန်ချက်ကတော့ နောက်တန်း ပေါ့တဲ့အတွက် ရထားတဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရပီး ဖူလဟမ်နဲ့ နှစ်ဂိုးစီ သရေနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။