နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2010 - 11:49 GMT

ဘီဘီစီ မြန်မာပိုင်း အနှစ် ရ၀ ပြည့်ပြီ

၁၉၄၀ စက်တင်ဘာ ၂ ရက်နေ့မှာ စတင် အသံလွှင့်ခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အခု သက်တမ်း အနှစ် ၇၀ ပြည့်ခဲ့ပါပြီ။

BBC Burmese

သတင်းဦး သတင်းထူးတွေ တင်ဆက်ပေးနိုင်ဖို့ ကြိုးစားနေတဲ့ ဝိုင်းတော်သားတွေ

သက်တမ်း အနှစ် ၇၀ အတွင်း ဘီဘီစီ နဲ့ ပတ်သက်လို့ သောတရှင်တွေ နှစ်ခြိုက်သဘောကျခဲ့တာတွေ၊ အားမရ ဖြစ်ခဲ့တာတွေ၊ အမှတ်တရ ရှိခဲ့တာတွေကို ပြန်ပြောကြရအောင်ပါ။

လာမယ့် အနာဂါတ်မှာလဲ သောတရှင်တို့အတွက်ဘီဘီစီ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အစီအစဉ်ကောင်းတွေ ဆက်ထုတ်လုပ်တင်ဆက်နိုင်အောင် အကြံကောင်းတွေနဲ့ ဆွေးနွေး ဖလှယ်ကြရအောင်ပါ။

BBC Burmese

ဦးလေးကြီး ဦးဖေသန်း နဲ့ ဦးနေဝင်း

ဘီဘီစီ အနှစ် ၇၀ ပြည့်မွေးနေ့ အထိမ်းအမှတ် လွတ်လပ်အတွေးဆွေးနွေး ဖလှယ် အစီအစဉ်ကို လာမယ့် စက်တင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့ည မှာ သောတရှင်တွေ အထူးနှစ်ခြိုက်ခဲ့တဲ့ ဝိုင်းတော်သားဟောင်းကြီးတွေနဲ့ အတူ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီကို စာနဲ့ဖြစ်စေ emailနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ကြပါတယ်။

တယ်လီဖုန်းနံပတ်က ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်သွယ်ပြီး မိမိပြောချင်တာကို အသံသွင်းထားခဲ့နိုင်ပါတယ်။ ကိုယ်ရဲ့တယ်လီဖုန်းနံပတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်လည်ဆက်သွယ်မှာ ဖြစ်ပါတယ်။

အောက်ပါ ဖေါင်ကို ဖြည့်ပြီးတော့လည်း ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။