သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်္ဂလန် ယူရို ခြေစစ်ပွဲ အနိုင်နဲ့ စဖွင့်

  • 5 စက်တင်ဘာ 2010
Image caption သုံးဂိုး သွင်းခဲ့တဲ့ ဂျမိန်း ဒဖိုး အောင်ပွဲခံနေ

ယူရို ခြေစစ်ပွဲတွေမှာ အင်္ဂလန်က ဘူဂေးရီးယားကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြှင့်တင်နိုင်ခဲ့ပါတယ်။

ရူနီနဲ့ ဒဖိုး အတွဲမိသလို အလယ်ကလည်း ကမ္ဘာ့ဖလားတုန်းကထက် ပိုတောင့် ပိုသွက်ပါတယ်။

တဘက်မှာ နောက်တန်းမှာတော့ နည်းနည်း စိုးရိမ်စရာတွေ ရှိနေပြီး ကပ်ပယ်လို အတွက် စိတ်အေးစရာ တခုကတော့ ဂိုးသမား ဂျိုးဟတ်ဆီမှာ အားထားရမဲ့ လက်မျိုးရှိတာ တွေ့ခဲ့ရပါတယ်။

ဥရောပက တခြားထိပ်သီး အသင်းအားလုံးနီးပါး အနိုင်နဲ့ စဖွင့်ကြပေမယ့် ပြင်သစ်ကတော့ အိမ်ကွင်းမှာ ဘဲလာရု(စ)ကို တဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။