သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပျောက်ဆုံးသူကို ခြေရာဘယ်လိုကောက်မလဲ။

  • 27 စက်တင်ဘာ 2010
Image caption ပျောက်သောသူ ရှာရင်တွေ့နိုင်ဖို့

ကြောင်လေး၊ ခွေးလေးနဲ့ ကလေးလေးတွေ မျက်စေ့လည် လမ်းမှားပြီး မပျောက်ရအောင် ခြေရာကောက်ပစ္စည်း Tracking Devices လေးတွေကို စျေးချိုချိုနဲ့ အသုံးပြုနိုင်ပါပြီ။

ကလေးလေးတွေရဲ့လက်မှာ နာရီလိုပတ်ထားရင် ကိုယ်နဲ့ ကိုက် ၃၀ ကျော်တဲ့ နေရာကို ကလေးရောက်သွားတာနဲ့ အချက်ပေးတဲ့အသံထွက်လာပါတယ်။

ကြောင်လေး၊ ခွေလေးတွေရဲ့လည်ပတ်မှာ တပ်ဆင်ထားရင် ပျောက်သွားတဲ့ အခါ လွယ်လွယ်နဲ့ ရှာလို့တွေ့နိုင်ပါတယ်။

သတိမေ့တတ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆယ်ကျော်သက် သားသမီးတွေကို ဆောင်ခိုင်းထားရင်တော့ သူတို့ ဘယ်မှာရောက်နေတယ်ဆိုတာ ကွန်ပြူတာထဲမှာ နေရာအတိအကျ ရှာဖွေသိရှိနိုင်ပါတယ်။

ဒီလိုခြေရာကောက်ပစ္စည်းလေးတွေအကြောင်းကို ဒီတပတ် Cool Tech အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။