သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ယွမ်ငွေတန်ဘိုးနဲ့ အမေရိကန်စီးပွားရေး

  • 28 စက်တင်ဘာ 2010

တရုတ်နိုင်ငံက တင်သွင်းမဲ့ ပို့ကုန်တွေကို ပိတ်ဆို့မဲ့ ကုန်သွယ်ရေးဒဏ်ခတ်မှု ဥပဒေကြမ်းကို ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ကွန်ကရက်ကော်မတီက ခွင့်ပြုခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ဥပဒေဖြစ်လာဖို့ အောက်လွှတ်တော်နဲ့ ဆီးနိတ် အထက်လွှတ်တော် တို့က ဆုံးဖြတ် အတည်ပြုဖို့ လိုပါသေးတယ်။

ဒီလို ကုန်သွယ်ရေးပြသနာ ဖြစ်လာတာရဲ့ အစက တရုတ်နိုင်ငံသုံးငွေကြေး ယွမ်တန်ဘိုးသတ်မှတ်တာနဲ့ ပတ်သက်ပါတယ်။

တရုတ်အစိုးရဟာ သူတို့ရဲ့ ပို့ကုန်ကနေ အကျိုး အမြတ်ပိုရအောင် ဖြစ်သင့်တဲ့တန်ဘိုးထက် တမင် လျော့ပြီး သတ်မှတ်ထားတယ်လို့ အမေရိကန်တို့က စွပ်စွဲနေတာ ဖြစ်ပါတယ်။

ဒီတော့ ယွမ်တန်ဘိုးဟာ အမေရိကန်တို့ရဲ့ ကုန်သွယ်စီးပွားအတွက် ဘယ်လောက် အရေးပါပါသလဲ။

အမေရိကန်ပြည်ထောင်စု အမေရိကန်တက္ကသိုလ်က စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးရဲ့ သုံးသပ်ချက်ကို နားဆင်နိုင်ပါတယ်။