သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာ သတင်းသုံးသပ်ချက်

  • 8 ဒီဇင်ဘာ 2010
Image caption ဆုပေးပွဲ မတက်နိုင်တဲ့ လျူရှောင်ဘို

ဒီဇင်ဘာလ၁၀ရက်နေ့ နော်ဝေးနိုင်ငံမှာ ကျင်းပမယ့် ဒီနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲကို ဆုရသွားတဲ့ တရုတ်က လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘို မတက်နိုင်ပါဘူး။

သူဟာ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ တရုတ်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရပါတယ်၊ သူ့လိုပဲ အရင်တုန်းကလည်း ဆုရသူတွေ ဆုလာမယူနိုင်တာ ရှိခဲ့ပါတယ်၊ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆုလာမယူနိုင်ခဲ့ သူ ငြိမ်းချမ်းရေး ဆုရှင် တစ်ယောက်ဖြစ်ပါတယ်။

ဒီအကြောင်း နိုင်ငံတကာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ ကိုမင်းထက် က တင်ဆက်ပေးထားပါတယ်။