ဘီဘီစီရဲ့ နှစ်သစ်ကူး အထူးအစီအစဉ်တွေ

  • 23 ဒီဇင်ဘာ 2010
BBC Drama

နာမည်ကြီးသူခိုး ငမိုးကို တရွာလုံးက ဝိုင်းပြီး ရွံကြောက်ကြီး ကြောက်နေကြပေမယ့် ငမိုးက မြစ်ထဲက အဖိုးတန်အိုးတလုံး ရလိုက်တဲ့ အခါ..

သူကြီးက ပါတီဥက္ကဌကြီး ဖြစ်လာပြီး ရွေးကောက်ပွဲ နီးလာတော့ ငမိုးကို အကျိုးတူ လုပ်ငန်းတခု လုပ်ရအောင်လို့ ဆိုလာတဲ့ အခါ....

ဘီဘီစီ ဝိုင်းတော်သားတွေ ကိုယ်တိုင် အထူးပါဝင် သရုပ်ဆောင်ထားကြတဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ရေဒီယိုအသံလွှင့်ဇာတ်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ညပိုင်းက

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စပြီး အပိုင်းသုံးပိုင်းခွဲလို့ သုံးညဆက်တိုက် တင်ဆက်ပေးသွားမှာပါ။

နားဆင်စရာတွေ စုံစုံလင်လင်

မြန်မာ့နိုင်ငံရေးသုံးသပ်ချက်အနှစ်ချုပ် ပထမပိုင်းနဲ့ ဒုတိယပိုင်း၊ နောက်တခါ နိုင်ငံတကာသတင်းသုံးသပ်ချက်အနှစ်ချုပ် ပထမပိုင်းနဲ့ ဒုတိယပိုင်း တွေကို ဒီဇင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်ညတွေမှာ ထုတ်လွှင့်ပေးဖို့ ရှိပါတယ်။

နိုင်ငံတကာစီးပွားရေး သုံးသပ်ချက် အနှစ်ချုပ်ကိုတော့ ဒီဇင်ဘာလ ၃၀ ရက် ညပိုင်း အစီအစဉ်မှာ ထုတ်လွှင့်ပေးမှာပါ။

မြန်မာ့စီးပွားရေး သုံးသပ်ချက်အနှစ်ချုပ်ကိုတော့ ဒီဇင်ဘာလ ၃၁ ရက်ညမှာ တင်ဆက်ပေးဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်း မြန်မာ့နိုင်ငံရေး သမားတွေရဲ့ နှစ်သစ်သန္နိဌာန် တွေကိုတော့ ဒီဇင်ဘာလ ၃၁ရက် မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ ထုတ်လွှင့်ပေးပါမယ်ခင်ဗျာ။

တိုင်းရင်းသားတွေနဲ့ အဝေးရောက်မြန်မာတွေရဲ့ နှစ်သစ်ကူး မျှော်မှန်းချက် တွေကိုလည်း ဒီဇင်ဘာလ ၂၄ ရက်ညကစပြီး နှစ်သစ်ကူးတဲ့အထိ သီတင်းတပတ်လုံး ထုတ်လွှင့်ပေးသွားမှာပါ။

ဘီဘီစီရဲ့ အစီအစဉ်သစ်တခုဖြစ်တဲ့ အမေ့ခံပုံရိပ်များ ကိုတော့ ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းကစပြီး အပတ်စဉ်ထုတ်လွှင့်ပေးသွားမှာမို့ စောင့်မျှော် နားဆင် ကြပါခင်ဗျာ။