သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မျိုးတုန်းခါနီး ဖြစ်နေတဲ့ ဧရာဝတီ လင်းပိုင် အကြောင်း

  • 28 ဒီဇင်ဘာ 2010
Image caption မျိုးတုန်းခါနီး နေပြီ ဖြစ်တဲ့ ဧရာဝတီ လင်းပိုင်

သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးမှုကြောင့် ဧရာဝတီ မြစ်ဟာ မြစ်ကြောင်းပြောင်းလာတဲ့ အပြင် ရေနေ သတ္တဝါတွေလည်း လျော့ပါးလာနေပါပြီ။

ဧရာဝတီမြစ် အထက်ပိုင်း မင်းကွန်းနဲ့ ကျောက်မြောင်း ကြားက လင်းပိုင်တွေကသာ တံငါသည်နဲ့ အတူ ငါးကူဖမ်းပေးတာ ဖြစ်ပါတယ်။

လူတွေရဲ့ မဆင်မခြင် ငါးဖမ်းမှု ၊ ဝိသမ လောဘသား စီးပွားရေး သမားတွေရဲ့ ရွှေကျင်မှု ၊ စက်ရုံ အလုပ်ရုံတွေ မြစ်ကမ်းနား နဖူးမှာ တည်ဆောက် ထားမှု တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပြုန်းတီး ပျက်ဆီးလာရသလို အဲဒီ ဧရာဝတီ လင်းပိုင်တွေလည်း မျိုးတုန်း လုနီးပါး ဖြစ်လာပြီလို့ ခရီးသွား ဆောင်းပါးတွေ ရေးပြီး ဧရာဝတီ လင်းပိုင် အကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့တဲ့ ဒါရိုက်တာ ဦးစိန်မျိုးမြင့်က ပြောပါတယ်။

ဒီအဖြစ်တွေက ကာကွယ်ရအောင် အဲဒီ ဒေသတဝိုက်က လူတွေရဲ့ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်မှု ကို အားပေးပြီး ငါးဖမ်းတဲ့ နည်းဥပဒေတွေ လိုက်နာကြအောင် အဖွဲ့အစည်း အသီးသီးနဲ့ လူတွေ အားလုံး စုပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။