သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမတ်မင်းတွေ ဘာလုပ်ပေးနိုင်မလဲ

  • 12 ဇန်နဝါရီ 2011

မြန်မာနိုင်ငံမှာ အငြင်းပွားဖွယ်ရာတွေနဲ့ ပြီးဆုံးသွားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ပါလီမန်စနစ်ဟာ လာမယ့်ရက်ပိုင်းအတွင်း အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူတွေဖြစ်တဲ့ သောတရှင်တွေ အနေနဲ့ ဒီလွှတ်တော်တွေထဲ ရောက်လာ တော့မယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ဘာတွေ လုပ်ပေးစေချင်ပါသလဲ။

သူတို့က ဘာတွေ လုပ်ပေးနိုင်မယ်လို့ကော မျှော်လင့် ထားပါသလဲ။

ဒီအကြောင်းတွေကို သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။

သောတရှင်တွေရဲ့ သိလိုတဲ့ မေးမြန်းချက်တွေကိုတော့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၄ ကိုယ်စားပြုတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ဖြေကြား ဆွေးနွေး ပေးထားပါတယ်။

တပတ် အစီအစဉ်ကို ကိုချို တင်ဆက် ပေးထားတာမို့ နားဆင်ကြပါ ခင်ဗျာ။