သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာ သတင်းသုံးသပ်ချက်

ကွန်မြူနစ် ခေါင်းဆောင် ပိုလ်ပေါ့ အုပ်ချုပ်မှုကာလ အလွန်မှာ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးကို တံခါးဖွင့်ပေးလာပါတယ်။ နိုင်ငံတကာက ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေလည်း အပြိုင်အဆိုင် ဝင်လာကြပါတယ်။

Image caption ဓါးမဦးချလုပ်လာတဲ့ မြေတွေ ဆုံးရှုံး

သူတို့အားလုံး မျက်စေ့ကျနေကြတာက မြေသြဇာကောင်းပြီး ထွန်ယက်စိုက်ပျိုးလို့ ဖြစ်ထွန်းတဲ့ စိုက်ပျိုးရေး ကဏ္ဍပါ။

ကမ္ဘောဒီးယား လုပ်ငန်းရှင်ကြီးတွေရဲ့ အဆက်သွယ်နဲ့ ထိုင်း၊ တရုတ်၊ ဗီယက်နမ် ကုမ္ပဏီတွေက စိုက်ပျိုးမြေ ဧကတွေ အများကြီးရယူ လုပ်ကိုင်ကြပါတယ်။

နေရာတော်တော်များများမှာဆို ဒီမြေတွေဟာ ကမ္ဘောဒီးယား လယ်သမားတွေဆီက အာဏာပိုင်တွေရဲ့ ဖိအားနဲ့ သိမ်းယူခဲ့တဲ့ လယ်မြေတွေ ဖြစ်နေကြပါတယ်။

ကမ္ဘာဒီးယားရဲ့ ပွင့်လင်းလာတဲ့ တံခါးဖွင့် စီးပွားရေးစနစ်မှာ အကျိုးစီးပွားတွေ ခွဲဝေမှုက မညီမမျှဖြစ်နေတဲ့ အကြောင်း နိုင်ငံတကာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ ကိုမင်းထက်က တင်ပြထားပါတယ်။