သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာ သတင်းသုံးသပ်ချက်

  • 3 ဖေဖော်ဝါရီ 2011
ဓာတ်ပုံ မူပိုင် BBC World Service

ဘီဘီစီ World Have Your Say အစီအစဉ် က ဒေါ်အောင်ဆန်း စုကြည် နဲ့ ကမ္ဘာတဝန်း က သောတရှင်တွေ လေလှိုင်း ပေါ်မှာ တိုက်ရိုက် မေးဖြေ ကြတဲ့ အစီအစဉ် တခု ပြီးခဲ့တဲ့ အင်္ဂါနေ့ က ပြုလုပ် ခဲ့ပါ တယ်။

နိုင်ငံစုံ က ဘီဘီစီ သောတရှင် တွေ က ဒေါ်အောင်ဆန်း စုကြည် ကို မြန်မာ့နိုင်ငံရေး၊ NLD ပါတီရဲ့ ရှေ့ရေး အခြေအနေ တွေ အပြင် လက်ရှိ အီဂျစ် နိုင်ငံရေး လှုပ်ရှားမှု အပေါ် သဘောထား တွေကို မေးမြန်း ခဲ့ကြ ပါ တယ်။

ဒီ အစီအစဉ် မှာ မေးခဲ့ ဖြေခဲ့ကြပုံတွေကို ဒီတပတ် နိုင်ငံတကာ သုံးသပ်ချက် အစီအစဉ် မှာ ကိုမင်းထက် က တင်ဆက် ပေးထား ပါတယ်။