နောက်ဆုံး ရေးသားချိန် 13 မတ်လ 2011 - 12:52 GMT

မိုဘီ ဂျီနို နဲ့ ရဲတိုက်ဖောင်ဒေးရှင်း

မီဒီယာ ပလေးယား

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်ကတော့ . . . . .

Ye Deight

ရုပ်ရှင်လောကမှာ နာမည်တရိပ်ရိပ်တက်နေတဲ့ လူငယ်သရုပ်ဆောင် ရဲတိုက် တည်ထောင်ထား တဲ့ ရဲတိုက်ဖောင်ဒေးရှင်းရဲ့ လူမှုရေးလုပ်ငန်း တွေအကြောင်း တင်ဆက် ထားပါတယ်။

ရဲတိုက်ဖောင်ဒေးရှင်းကို ၂၀၁၁ ဇန်နဝါရီလ ၁ ရက်နေ့က တည်ထောင်ခဲ့ပြီး ဒီဖောင်ဒေးရှင်း ကနေ လေလွင့်ကလေးငယ်တွေရဲ့ ဘဝ ပြန်လည် ထူထောင်ရေးမှာ အကူအညီပေးနိုင်ဖို့ နဲ့ မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ကျ လာရင် အကူအညီပေးနိုင်ဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့ တာလို့ ရဲတိုက်က ဘီဘီစီကို ပြောပါတယ်။

ရဲတိုက်ဖောင်ဒေးရှင်းမှာ ရဲတိုက်အပြင် သတင်းစာဆရာ ဦးရဲနိုင်မိုး၊ စာရေးဆရာ ဦးကျော်ရင်မြင့်၊ အယ်ဒီတာ မအေးမြကျော်၊ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ရီဇော်၊ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဆန်းဝင်းနဲ့ ဦးမင်းဗညားစန်းတို့ ပါဝင်ကြပါတယ်။

Ye Deight

ကုန်သည်ကြီးများဟိုတယ်က ရံပုံငွေပွဲ

ရဲတိုက်ဟာ ဖောင်ဒေးရှင်းရဲ့ ရံပုံငွေအတွက် သူကိုယ်တိုင် မတည်ငွေ သိန်း ၇၀ ထည့်ဝင် ထားပြီး ဖေဖော်ဝါရီ လအတွင်းမှာလည်း ဒီဖောင်ဒေးရှင်းကနေ ရုပ်ရှင်၊ ဂီတနဲ့ မီဒီယာသမားအများအပြား တက်ရောက်တဲ့ ရံပုံငွေရှာပွဲ တစ်ခုကိုလည်း အောင်အောင် မြင်မြင် လုပ်ဆောင်နိုင်ခဲ့လို့ အခုဆိုရင် ရံပုံငွေ သိန်း ၃၀၀ ဝန်းကျင် ရနေပြီလို့ ဆိုပါတယ်။

Ye Deight

ရဲတိုက်နဲ့ ဦးရဲနိုင်မိုး

သူဟာ နာဂစ်တုန်းက ကူညီကယ်ဆယ်ရေး တွေမှာ ပါဝင် လုပ်ဆောင်ခဲ့ရင်း လူမှုရေး လုပ်ငန်းတွေမှာ စိတ်ဝင်စားလာခဲ့သလို အရင်ကလည်း လမ်းပေါ်က ကလေးတွေကို ကြည့်ပြီး စာနာစိတ် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

''လူတစ်ယောက်ဟာ တစ်စုံတစ်ခု အခြေအနေမှာတော့ လူအများအတွက် ဖြစ်နေရမယ်ဆိုတာ ကျွန်တော် သဘောပေါက်လာပါတယ်'' လို့ ရဲတိုက်က ပြောပါတယ်။

နှိပ်ပါ ရဲတိုက်ဖောင်ဒေးရှင်းရဲ့ Facebook စာမျက်နှာကို သွားချင်ရင် ဒီမှာ Click နှိပ် ကြည့်နိုင်ပါတယ်။

မိုဘီ ဂျီနို . . .

မိုဘီ ဂျီနို ပရိတ်သတ်တွေအနေနဲ့ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ကိုယ့်မှာ ဝေမျှ ပြောပြစရာ တစ်ခုခု ရှိလို့ပဲဖြစ်ဖြစ်၊ ဝေဖန်အကြုံပြုလိုရင် ဖြစ်ဖြစ် ဒီအစီအစဉ်ကို ဆက်သွယ်နိုင်ကြ ပါတယ်။ အီးမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်ပါတယ်။

စာတိုက်ကဆိုရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ကိုလည်း ပေးပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။