သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆူနာမီနောက်ပိုင်း ဂျပန်နဲ့ ကမ္ဘာ့စီးပွားရေး

  • 22 မတ် 2011
ဓာတ်ပုံ မူပိုင် Getty Images

ဂျပန်နိုင်ငံမှာ ငလျင်ဒဏ် နဲ့ ဆူနာမီ ဒဏ် အကြီးအကျယ်ခံခဲ့ရပြီးတဲ့နောက် ပိုင်း နစ်ကေး အစုရှယ်ယာ ညွှန်းကိန်းတွေ ထိုးကျ ၊ ဂျပန်ယန်းစျေးတွေ အဆမတန်မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့် လှုပ်ခတ်နေတဲ့ ငွေကြေးစျေးကွက်တွေကို တည်ငြိမ်အောင် ဂျပန်ဘဏ်က ဘဏ်လုပ်ငန်းစံနစ်ကို အရေးပေါ်ရံပုံငွေ ဒေါ်လာ ၃၀၀ ဘီလီယျံ ပံ့ပိုးပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာ ဂျီ ဆဲဗင်းလို့ ခေါ်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံတွေရဲ့ ဘဏ်တွေက ငွေကြေး နဲ့ ကြားဝင်ပြီး ဂျပန်ယန်း တန်ဘိုးကျပြီး တည်ငြိမ်အောင် ဝင်ထိန်းနေရပါတယ်။

စီးပွားရေးပညာရှင်တွေက အခု ကပ်ဘေးကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ယာယီရပ်ဆိုင်းသွားစေမှာလို့ ပြောကြပါတယ်။

ဂျပန်စီးပွားရေးအပေါ် ကမ္ဘာ့စီးပွားရေးအပေါ် ဂျပန် ငလျင်ဒဏ်က ဘယ်လောက်ထိခိုက်စေမလဲ ထိခိုက်နေသလဲဆိုတာ နိုင်ငံတကာ စီးပွားရေး သုံးသပ်ချက်မှာ ဦးဘမော်က တင်ပြထားပါတယ်။