သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာ သတင်းသုံးသပ်ချက်

ဓာတ်ပုံ မူပိုင် Reuters

လစ်ဗျားမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်နေတဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်တွေကို စစ်ရေးအရ ဝင်ပြီး တားမြစ်ဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီက နိုင်ငံတခုမှာ စစ်ရေးအရ ဝင်ပြီး အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ မူကို လက်တွေ့ စ ကျင့်သုံးလိုက်တာဟာ တကဲ့ အရေးကြီးတဲ့ အစဉ်အလာတခုကို စချလိုက်တာလို့ ပြောရမှာပါ။

ဒီ ဆုံးဖြတ်ချက်ဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကနေ အရပ်သားတွေကို ဝင်အကာအကွယ် ပေးဖို့ နိုင်ငံတကာ ရဲ့ တာဝန်ကို လက်တွေ့ဆောင်ရွက်လိုက်တာ လဲ ဖြစ်တဲ့ အကြောင်း ကိုမင်းထက်က နိုင်ငံတကာ သတင်း သုံးသပ်ချက်အစီအစဉ်မှာ တင်ပြထားပါတယ်။