သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

Micro Credit အသေးစား ငွေချေး လုပ်ငန်း

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျော့ချ နိုင်ရေး အတွက် နိုင်ငံ အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တခု ကို မေလ အတွင်းမှာ လုပ်ဆောင် ခဲ့ပြီး သမ္မတ ဦးသိန်းစိန် က ဆင်းရဲမွဲတေမှု လျော့ချ ရေး နည်းလမ်းတွေ ထဲ Micro Credit အသေးစား ငွေချေး လုပ်ငန်းက ကောင်းမွန် တဲ့ နည်းလမ်း တခု အဖြစ် လမ်းညွှန် ခဲ့ ပါတယ်။

အသေးစား ငွေချေးလုပ်ငန်း ဟာ ဆင်းရဲသူ အမြောက်အများ ကို ဆင်းရဲတွင်း ကဆွဲတင် နိုင်ခဲ့တဲ့ နည်းလမ်း လို့ မှတ်ယူနိုင် ပေမယ့်လည်း ဒီလုပ်ငန်း အတွင်းမှာ ပြဿနာ တွေ လည်း ရှိလာလို့ လုပ်ငန်းရဲ့ သိက္ခာကျဆင်း နေတာ တွေ လည်း ရှိနေ ပါတယ်။

ဒီတပတ် စီးပွားရေး သုံးသပ်ချက်မှာ ကိုရင်မောင် က အသေးစား ငွေချေး လုပ်ငန်း အကြောင်း ပြောပြ ထား ပါတယ်။