သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

Concacaf ရွှေဖလားနဲ့ အရောင်းအဝယ် သတင်းများ

  • 12 ဇွန် 2011
Image caption နှစ်ပွဲ ငါးဂိုးနဲ့ ရွှေဖလားမှာ ဂိုးအများဆုံး သွင်းထားသူ မက္ကဆီကိုနဲ့ မန်ချက်က ဟာနန်ဒက်ဇ

ကွန်ကာကက်ဖ ရွှေဖလား အုပ်စုစီမှာ ပနားမားက အိမ်ရှင် အမေရိကန်ကို နှစ်ဂိုး တဂိုးနဲ့ နိုင်ပြီး ကွာတား တက်ပါတယ်။

ပနားမားက အမေရိကန်ကို ပထမဆုံး နိုင်ဖူးတာ ဖြစ်သလို အမေရိကန်လည်း ရွှေဖလား ပြိုင်ပွဲ အုပ်စု အဆင့်မှာ ပထမဆုံး ရှုံးဖူးတာ ဖြစ်ပါတယ်။

ဥရောပ ဘောလုံး လောကမှာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ခဲ့ရတဲ့ အရောင်းအဝယ် သတင်းတွေကတော့ ဆန်းဒါးလင်းက ဂျော်ဒန် ဟင်ဒါဆန်ကို လီဗာပူးက ပေါင်စတာလင် သန်းနှစ်ဆယ်နဲ့ ဝယ်သွားပါတယ်။

ယူ ၂၁ ပွဲတွေ အပြီးမှာ အရောင်း အဝယ် သီတင်းတွေ ထပ်ထွက်လာစရာ ရှိပါတယ်။

ဝင်ဘယ်ဒန် တင်းနစ် ပြိုင်ပွဲ ရှေ့သီတင်းပတ်မှာ စမှာ ဖြစ်ပြီး ဝီလီယံစ ညီအမ နှစ်ယောက်လုံး ပြန်ရိုက်ဖို့ ပြင်နေပါတယ်။