သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝင်ဘယ်ဒန် အကြို ပွဲခန့်မှန်း သုံးသပ်ချက်

  • 19 ဇွန် 2011

၁၂၅ ကြိမ်မြောက် ဝင်ဘယ်ဒန် တင်းနစ် ပြိုင်ပွဲ ဒီကနေ့ စပါပြီ။

နှစ်စဉ် နှစ်တိုင်း စိတ်လှုပ်ရှား စရာ ပွဲကောင်းတွေ၊ ကစား သမားတွေကို တွေ့မြင် ခဲ့ကြ ရပြီး ဒီနှစ် မှာလည်း အားကစား ရသ ပေးစွမ်း နိုင်မှု အပိုင်းဟာ အရင် နှစ်တွေ ထက်တော့ လျော့မှာ မဟုတ်ပါဘူး။

ဗြိတိသျှ နံပါတ်တစ် အင်ဒီ မာရေးက ဒီနှစ် ဝင်ဘယ်ဒန် အတွက် သူ့ရဲ့ ပြင်ဆင်မှု တွေဟာ အရင် အကြိမ်တွေနဲ့ ယှဉ်လိုက်ရင် အကောင်းဆုံး၊ ဒီနှစ် အတွက် ပြင်ဆင်မှု တွေကို အားအရဆုံးလို့ ဆိုပါတယ်။

တဘက်မှာ သူ့အဓိက ပြိုင်ဘက်တွေရဲ့ ပြင်ဆင်မှု တွေကလည်း အားရစရာပါ။

အော်ဇီ အိုးပင်း ချံပီယန် ဂျော့ကောဗစ်ချဆိုရင် ဒီနှစ်ထဲမှာ မာရေးထက်တောင် ပိုပြီး လက်တက် လာတာ ပြီးခဲ့တဲ့ အော်ဇီ အိုးပင်းမှာ တွေ့ခဲ့ရပါတယ်။

ဂျောကောဗစ်ချ အပြင် ဖယ်ဒရာ ဟာလည်း လက်ကျန် သေးသလို နဒါး ဆိုရင်လည်း သူလက်တွေ့တဲ့ နေ့ဆို ဘယ်သူမှ သူ့နိုင်အောင် မရိုက်နိုင်တဲ့ အနေ အထားမျိုး ဆိုတော့ ထိပ်က လေးယောက် စလုံးက နိုင်နိုင်တဲ့ အနေအထား ကောင်းကောင်း ရှိပါတယ်။